Main menu

Background

နေရဲမာန်သြင်္ကန် ၂ဝ၁ဝ' တေးစီးရီး ဖေဖော်ဝါရီ ၁၄ ရက် ထွက်မည်

Wed, 02/17/2010 - 13:13 -- Anonymous (not verified)

    အဆိုတော် နေရဲမာန်ရဲ့ ''နေရဲမာန်သြင်္ကန် ၂ဝ၁ဝ'' တေးစီးရီးကို ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ ရတနာမြိုင် တေးသံသွင်းက ဖြန့်ချိ မှာဖြစ်ပါတယ်။    နေရဲမာန်သြင်္ကန် ၂ဝ၁ဝ တေးစီး ရီးမှာ နေရဲမာန်နဲ့အတူ မေဆွိ၊ ဟေမာ နေဝင်း၊  နီနီဝင်းရွှေ၊   လေးလေးဝါး၊ တင်ဇာမော်၊ ချောစုခင်၊ ဂျင်းနီတို့စုံတွဲသီဆိုပေးထားပါတယ်။ ဗွီစီဒီခွေကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)၊ မိုးဟိန်း (MH3)၊ ကိုချန်ဟိန်းတို့က ရိုက်ကူးပေး ထားပါတယ်။   VCD ခွေမှာ နေအောင်၊ ရန် အောင်၊ ရဲအောင်၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ မြင့်မြတ်၊ ဖြိုးငွေစိုး၊ ကျော်ကျော်ဗို၊ ခင်လှိုင်၊ ဇေယျ၊ တင်မောင် ဆန်းမင်းဝင်း၊ အောင်ရဲလင်း၊ ကေည၊ ဖိုးထွေး၊  မေသန်းနု၊  စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ခိုင်သင်းကြည်၊ ခင်သန်းနွယ်၊ ရတနာခင်၊ ဝါဝါအောင်၊ ဆုပန် ထွာ၊  ချောရတနာ၊ ခင်လေးနွယ်၊ အေးမြတ်သူ၊ စန္ဒီမြင့်လွင်၊ သဇင်၊ ဂျင်းနီ၊ ပွင့်၊ အေးအေးခိုင်၊ မေဟင်္သာ၊ အက်စတာအဖွဲ့တို့က  နေရဲမာန်နဲ့ တွဲဖက် သရုပ်ဆောင်ပေးထားပါတယ်။   နေရဲမာန်သြင်္ကန် ၂ဝ၁ဝ တေးစီး ရီးထွက်ရှိခြင်း အထိမ်းအမှတ် အဖြစ် ၁၄-၂-၂ဝ၁ဝရက်နေ့ နေ့လယ် Happy World-3၊ညနေ Victoria Shopping Mall မှာ အမှတ်တရ လက်မှတ်ရေး ထိုးရောင်းချပေးမယ်လို့ သိရပါတယ်။ သူဌေးသားမတ်၊  အဆင်ပြေရဲ့လား၊ ၂ဝဝ၉ သြင်္ကန်၊ ပူမနေပါနဲ့ တေးစီးရီး ထွက်ပြီးတဲ့နောက်မှာ အခုခွေမှာ နေရဲ မာန်ရဲ့ ပဉ္စမမြောက် တေးစီးရီး ဖြစ်ပါ တယ်။