Main menu

Background

ချစ်ပ်ထုတ်လုပ်ရေးအတွက် ဘွဲ့လွန်သုတေသီ အမြောက်အမြားကို ဆမ်ဆောင်းခန့်ထားမည်

Thu, 07/09/2020 - 15:50 -- journal_editor

 

တစ်ပိုင်းလျှပ်ကူးနှင့် အေအိုင်နည်းပညာArtificial Intelligence (AI)ကဏ္ဍများတွင် အနာဂတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဘွဲ့လွန်သုတေသီများကို စံချိန်တင်ခန့်ထားမည်ဖြစ်ကြောင်း ဆမ်ဆောင်း အီလက်ထရွန်းနစ်ကုမ္ပဏီက ဇွန် ၃၀ ရက် ပြောကြားချက်ကို ယွန်းဟပ် သတင်းတွင်ဖော်ပြသည်။
ယခုနှစ်အကုန်တွင် ဘွဲ့လွန်အင်ဂျင်နီယာ ၁၀ဝ၀ ကို ခန့်ထားသွား မည်ဖြစ်ကြောင်း ဆမ်ဆောင်းကပြောသည်။ ချစ်ပ်ဒီဇိုင်းနှင့် အေအိုင် နည်းပညာနယ်ပယ်အတွက် ယခုနှစ်နှစ်ဝက်တွင် ဒေါက်တာဘွဲ့ရ သုတေသီ ၅၀ဝ ကို ခေါ်ယူခန့်ထားခဲ့သည်။
လူအမြောက်အမြား ခေါ်ယူရခြင်းမှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် ရသော ကမ္ဘာ့မရေရာမှုများနှင့် အိုင်တီကဏ္ဍတွင် ယှဉ်ပြိုင်မှုများပြင်းထန် လာသည်ကို ကျော်လွှားနိုင်ရန်ဖြစ်ကြောင်း ကမ္ဘာတွင် မင်မိုရီချစ်ပ်နှင့် စမတ်ဖုန်းများ အများဆုံးထုတ်လုပ်သောကုမ္ပဏီဖြစ်သည့် ဆမ်ဆောင်း ကပြောသည်။
အေအိုင်၊ ဖိုက်ဂျီနှင့် ချစ်ပ်မျာကို  တိုးမြှင့်ထုတ်လုပ်ရေးအတွက် လာမည့်သုံးနှစ်တွင်  ဝမ်ထရီလီယံ ၁၈၀ (အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန်  ရင်နှီးမြှုပ်နှံမှုစီမံကိန်းကို  ၂၀၁၈ ခုနှစ်ကချမှတ်ခဲ့ရာ ယခုဆောင်ရွက်မှုသည် ဤစီမံကိန်းနှင့်အညီ ဆောင် ရွက်ခြင်းဖြစ်သည်။
ဆမ်ဆောင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ၌ အကြီးဆုံး ချစ်ပ် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ရန် ရည်မှန်းချက်ဖြင့် ယခင်နှစ်က ဝမ် ၁၃၃ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ 
ဆမ်ဆောင်းကုမ္ပဏီကို   ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေး မည့် အရည်အသွေးပြည့်ဝသူများကို   ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ လီဂျေးယောင်က မေလအတွင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့သည်။

စံမီအောင် စုစည်းတင်ပြသည်