ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံအနက် ဆီးရီးယားနိုင်ငံသည် ယခုတစ် ပတ်တွင် ၁၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး မာလီနိုင်ငံတွင် ၉ ဒသမ ၉၀ ရာခိုင်နှုန်း၊ နမီးဘီးယား နိုင်ငံတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ဇင်ဘာဘွေနိုင်ငံတွင် ၈ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင် ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကနေဒါ၊ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဂျော်ဒန်နှင့် နယူးဇီလန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေလျက်ရှိကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် တောင်ကိုရီးယား၊ တူရကီ၊ ယူကရိန်း၊ နယ်သာလန်၊ ပေါ်တူကီ၊ ဆွစ်ဇာလန်၊ ပိုလန်၊ အီတလီ၊ ဘရာဇီးနှင့် ဘာဘေဒို အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒ သမ ၁၀ ရာခိုင်နှုန်းမှ ၁၃ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ တွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံအနက် မာလီနိုင်ငံသည် ယခုတစ်ပတ်တွင် ၉ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဇင်ဘာ ဘွေနိုင်ငံတွင် ၉ ဒသမ ၈၀ ရာခိုင်နှုန်း၊ တောင်အာဖရိကနိုင်ငံတွင် ၉ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် တူရကီနိုင်ငံတွင် ၇ ဒသမ ၉၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ နီပေါ၊ အာဂျင်တီးနား၊ ဘူလ်တန်၊ ဖင်လန်၊ အစ္စရေး၊ ဂျော်ဒန်၊ မိုနာကို၊ ပီရူးနှင့် ဆူဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံတို့တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရ သည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် တောင် ကိုရီးယား၊ အိုက်စလန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ အန်ဒိုရာ၊ ပိုလန်၊ အီတလီနှင့် ဘာဘေဒို အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရ သည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်၌ ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ တွင် ၅ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၃ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ဖြစ်ပေါ်နေ သော ဓာတ်ဆီ၊ ဒီဇယ် တစ် လီတာ ဈေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
Background