Main menu

Background

တစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 05/09/2023 - 16:01 -- journal_editor

ဧပြီ ၂၂  ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ  သုည ဒသမ ၅၉၁ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့်  စင်ကာပူနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ ကျော်နှင့် မလေးရှား နိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန် ချိန် ၁၀ဝ ကျော် ပိုမိုတင် သွင်းခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂  ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၈၀၇ သန်းတန်ဖိုးရှိ  နို့မှုန့် တန်ချိန် ၃၀ဝ ကျော်  တင်သွင်း ခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နို့မှုန့်တန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂  ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉  ဒသမ ၁၁၇ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၇၀ဝ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ် ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘရာဇီး ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၄၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။      

အိမ့်(DOT)