Main menu

Background

ဥရောပရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်နေရာလစ်လပ်မှု ၂ သန်းကျော် ရှိခြင်း

Wed, 07/24/2013 - 13:08 -- ydnar

ဥရောပတွင် အလုပ်လက်မဲ့ဦးရေ မြင့်မား နေသော်လည်း ပြည်ပရောက် ဖိလစ်ပိုင် အလုပ် သမားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အတွက် ဥရောပသမဂ္ဂတစ်လွှားရှိ ကျန်းမာရေး၊ICT၊ အင်ဂျင်နီယာလုပ်ငန်း၊ အရောင်း လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်များတွင် အလုပ်နေရာ လစ်လပ်နေ မှု နှစ်သန်းခန့်ရှိနေသေးကြောင်း လွန် ခဲ့သောအပတ်က Asain Institute of Management  တွင်ပြုလုပ်ခဲ့သောပြောင်းရွှေ့ နေထိုင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ဥရောပ သမဂ္ဂ သံအမတ်ကြီးဖြစ်သူ Guy Ledoux  ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဥရောပဒေသများတွင် သက်ကြီး လူဦးရေ တိုးတက်လာနေပြီးလုပ်သားဦးရေလျော့နည်း လာမှုကြောင့် ပြောင်း ရွှေ့လုပ်သားများသည် ၎င်းဒေသများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရုံ သာမက ဥရောပသမဂ္ဂ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမဟာဗျူဟာကိုလည်းတစ်စိတ်တစ်ပိုင်း အားဖြင့် အထောက်အကူပြုလျက်ရှိကြောင်း သိရှိ ရပါသည်။
ဥရောပဒေသတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၂၁ သန်းခန့်ရှိပြီး ဥရောပ သမဂ္ဂအနေဖြင့် လွန်ခဲ့သောအပတ်က စတင်ခဲ့ သော Organization for Economic Cooperation and Development (OECD) နှင့် Commission on Filipinos Overseas တို့၏ အာရှအိမ်နီး ချင်းနိုင်ငံများအကြား ပြောင်းရွှေ့ နေထိုင်ခြင်း လုပ်ငန်းစဉ်အဆင်ပြေချောမွေ့စေရေး ပူးတွဲစီမံချက်အတွက်ယူရို ငွေ ၂၁ သန်းထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။အဆိုပါစီမံချက်အမည်မှာ “အရှေ့ တောင်အာရှ နိုင်ငံများအကြား အပြည် ပြည်ဆိုင်ရာရွှေ့ပြောင်း နေထိုင်ခြင်း ဆိုင်ရာ ဒေသတွင်းပူးပေါင်း ဆောင် ရွက်မှုမြှင့်တင်ရေး” ဖြစ်ပါသည်။
Source: GMA News
ဖြူနှင်းဝတ်ရည်၊ မြန်မာသံရုံး၊ ဘရပ်ဆယ်