Main menu

Background

နို့ဆီတန်ချိန် နှစ်ရာ့လေးဆယ်ကျော်နဲ့ နို့မှုန့်တန်ချိန် တစ်ရာ့နှစ်ဆယ်ကျော်ဝင်

Wed, 07/24/2013 - 14:23 -- ydnar

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်အတွင်းတင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်နို့ဆီမှာ တန်ချိန် ကိုးရာ့ခုနှစ်ဆယ် ကျော်ရှိတာကြောင့်ယခုတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်ရာ ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။

နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၄၃ ဒသမ ၉၃၅ တန်နဲ့ စင်ကာပူနိုင်ငံမှ ၇၈ ဒသမ ၃၃၁ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်တန်ချိန် ခုနှစ်ဆယ်ကျော်သာအဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တန်ချိန် လေးဆယ် ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။