Main menu

Background

ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းသီဟိုဠ်လုပ်ငန်းသည် လာမည့်နှစ်တွင် စိန်ခေါ်မ၍များနှင့်ရင်ဆိုင်ရဖွယ်ရ

Mon, 01/07/2019 - 14:24 -- journal_editor

ဗီယက်နမ်   သီဟိုဠ်အသင်း၏ ပြောကြားချက်အရ ပြည်တွင်းသီဟိုဠ် လုပ်ငန်းသည်လာမည့်နှစ်တွင်  သီဟိုဠ် စေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ရောင်း ဝယ်မှုတို့တွင် အခက်အခဲများနှင့်ဆက် လက်ရင်ဆိုင်ရဖွယ်ရှိလိမ့်မည်ဟု သိရှိ ရပါတယ်။ယခုအချိန်မှ ၂၀၁၉ ခုနှစ်၊  မတ် လမှ ဧပြီလတိုင်အောင် ဈေးနှုန်းများ မှာ ပြောင်းလဲမှုမရှိဘဲရှိလိမ့်မည်ဟု အသင်းကပြောကြားခဲ့ပါတယ်။သီဟိုဠ်စေ့ထုတ်လုပ်သည့်စက်ရုံ များမှာ အလုပ်ပိတ်ရက်  အားလပ်ရက် ရှည်ဖြစ်သော     Lunar New Year အတွင်း  ထုတ်လုပ်မှုများ ရပ်နားကြရ မည်ဖြစ်သော်လည်း စက်ရုံအများစုမှာ ရုတ်တရက်ကုန်ဈေးနှုန်းများ ကျဆင်း နေမှုကြောင့် Lunar New Year  မတိုင် ခင်ကပင်  ကုန်ထုတ်လုပ်မှုများကို   ရပ် နားထားပြီးဖြစ်ပါကြောင်း   သိရပါ တယ်။ယခုနှစ်တွင် ဥရောပနှင့် အမေရိ ကန်ပြည်ထောင်စုအတွင်းရှိ  သီဟိုဠ် ကုန်သည်များနှင့် ထုတ်လုပ်သူများက ယခင်နှစ်များကဲ့သို့ နိုင်ငံခြား တိုင်းပြည် များမှ ကုန်ကြမ်းများစွာကို မတင်သွင်း တော့ပါကြောင်းနှင့် အဆိုပါအကြောင်း အချက်က ဗီယက်နမ်  တင်ပို့သူများ အတွက် ခက်ခဲသော အခြေအနေတစ် ရပ်ကို ဖန်တီးထားပါကြောင်း သိရှိရ ပါတယ်။လာမည့်နှစ်တွင် ကုန်ပစ္စည်းတင် ပို့မည့်   ဈေးကွက် အသစ်များ  ရှာဖွေ ကြရန်  ပြည်တွင်းကုန်ထုတ်လုပ်သူများ ကို အသင်းက အကြံပြုတိုက်တွန်းထား ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပြည် တွင်းသီဟိုဠ်လုပ်ငန်းများက ကောင်း မွန်သောဝယ်သူကို  အလေးထား ဝန် ဆောင်မှုပေးခြင်းများနှင့်   အကျိုးရှိ သော ပို့ကုန်လုပ်ထုံးလုပ်နည်းများကို ထောက်ပံ့ရန်အတွက် အစားအစာသန့် ရှင်းမှုနှင့်    လုံခြုံစိတ်ချရမှု အဆင့် အတန်းများနှင့် ကိုက်ညီပြီး ပြိုင်ဘက် များနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်မှုများ ကို တိုးမြှင့်ဖို့လိုအပ်ပါကြောင်း သိရှိရပါ တယ်။
ယခုနှစ်၏ ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံမှ သီဟိုဠ်စေ့တင်ပို့မှုမှာ တန်ချိန် ၃၄၂၀ဝ၀ ရှိခဲ့ပြီး ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှိခဲ့ပါကြောင်း၊ အဆိုပါ ကိန်းဂဏန်းများ မှာ ပြီးခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ချက်အရ အရေအတွက်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သော် လည်း တန်ဖိုးမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားပါကြောင်း အသင်း၏အစီ ရင်ခံစာတွင် ဖော်ပြထားပါတယ်။
နိုဝင်ဘာလအတွင်း  ဗီယက်နမ် သီဟိုဠ်စေ့များ၏   ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇၈၆၅ ဖြစ်ပြီး အောက်တိုဘာ လနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂ ရာခိုင် နှုန်း ကျဆင်းသွားပါကြောင်း၊  ပထမ ၁၁ လအတွင်း  အဆိုပါဈေးနှုန်းသည် ပြီးခဲ့သောနှစ်   အလားတူကာလနှင့် နှိုင်းယှဉ်ပါက    ရှစ်ရာခိုင်နှုန်းကျဆင်း သွားပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ  ၉၁၁၅ ဖြစ်ခဲ့ပါကြောင်းနှင့် အမေရိကန်ပြည်ထောင်စု၊   နယ်သာ လန်နှင့် တရုတ်နိုင်ငံတို့မှာ ဗီယက်နမ်မှ သီဟိုဠ်စေ့ အများဆုံးတင်ပို့သော ဈေး ကွက်သုံးနေရာဖြစ်ပြီး  တင်ပို့မှု ရာခိုင် နှုန်းများမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၁ ဒသမ ၆ ရာခိုင် နှုန်းတို့အသီးသီး ရှိကြပါတယ်။
ပြီးခဲ့သော    သီတင်းပတ်က တရုတ်နိုင်ငံသို့ တင်ပို့သော သီဟိုဠ်စေ့ လိုအပ်မှုနှင့် ဈေးနှုန်းများသည် ထူးခြား စွာ ကျဆင်းခဲ့ရာ  ဆိုလိုသည့် အဓိပ္ပာယ် မှာ တရုတ်နိုင်ငံတွင်  လာမညLunar New Year   အတွက် သီဟိုဠ်စေ့များ လုံလောက်နေသည့်  အလားအလာဖြစ် ပါကြောင်း၊ တရုတ်နိုင်ငံ၏  လုပ်ထုံး လုပ်နည်းအသစ်မှာလည်း အကောက် ခွန်ပေးဆောင်ခြင်းနှင့် စာချုပ်များအား  လက်မှတ်ရေးထိုးမည့် ကုန်တင်သွင်း မည့်သူများအတွက် လိုအပ်ပါကြောင်း၊ အဆိုပါအကြောင်းအချက်က ဗီယက် နမ်နိုင်ငံမှ တင်သွင်းသော သီဟိုဠ်စေ့၏ ဈေးနှုန်းကို တိုးမြှင့်စေခဲ့ပါကြောင်းနှင့် ယခုနှစ်တွင်    ဗီယက်နမ်နိုင်ငံသည်  သီဟိုဠ်စေ့တင်ပို့မှုမှ   အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ မှ ၃ ဒသမ ၇ ဘီလီ ယံရရှိဖို့    မျှော်မှန်းထားပါကြောင်း အသင်း၏   ပြောပြချက်အရ သိရှိရပါ တယ်။
Source;vietnamnews.vn
ချိုချိုမာ(ပို့ကုန်)