Main menu

Background

သကြားပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Fri, 09/18/2020 - 15:59 -- journal_editor

ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၈၁.၄၅) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၅-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၂.၁၅) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေ သော သကြားဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၄၃) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်နိုင်ငံတွင် (၁)တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၂၃၈)ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံ တွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ(၅၃၅-၅၄၄) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၅၆-၅၇၉) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် သကြားစျေးနှုန်းများ မြင့်တက်ခဲ့ပြီး၊ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့တွင်  သကြားစျေးနှုန်း ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

              ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် မူဆယ် ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၃၄၀)ဒေါ်လာရှိပြီး တရုတ် နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၄၃) ဒေါ်လာ ပေါက်စျေးရှိသော ကြောင့် (၁) တန်ပေါ်တွင် အမေရိကန်ဒေါ်လာ (၅၀၃) ဒေါ်လာ ဈေးနှုန်းကွာဟချက်ရှိပါသည်။ မြန်မာ- ထိုင်း နယ်စပ်မြဝတီမြို့တွင် သကြား (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၇၄) ဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၆၀၂) ဝန်းကျင်ခန့် ရှိကြောင်း လေ့လာသိရှိရပါသည်။

              ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ဟားခါးမြို့တွင် သကြား ၁ ပိဿာလျှင် (၁၉၀၀) ကျပ်နှင့် ရန်ကုန်မြို့တွင် သကြား ၁ ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး နေပြည်တော်နှင့် ပျဉ်းမနားမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။    

                  Trading Economics Website တွင်ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၅.၉၆ % ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။