Main menu

Background

14th Edition of Agro & Food Techပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်

Fri, 09/25/2020 - 15:47 -- journal_editor

14th Edition of Agro & Food Tech  ပြပွဲကို အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) က ကြီးမှူး၍ ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိVirtual Platform- HIVE ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းပြပွဲသို့ မြန်မာနိုင်ငံက စိတ်ဝင်စားသောလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာစိုက်ပျိုးရေးဝန်ကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲ၊ B2B နှင့်  B2G အစည်းအဝေးများ၊ နိုင်ငံတကာညီလာခံများ၊ လေ့ကျင့်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် အစိုးရအဆင့်မြင့်အရာရှိများနှင့်လည်း အပြန်အလှန် စီးပွားရေးအခွင့်အလမ်းသစ်များ ချိတ်ဆက်နိုင်မည်ဖြစ်သည်။

              ယင်းပြပွဲတွင် စိုက်ပျိုးရေးနှင့်အစားအသောက် နယ်ပယ်ဆိုင်ရာ ကိရိယာများ၊ နည်းပညာများ၊ ဖြစ်စဉ်များနှင့် သုတေသနများကို Virtual ဖြင့် ခင်းကျင်းပြသခြင်း (Showcasing Platform)၊ အိန္ဒိယနိုင်ငံမှ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒချမှတ်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း (Interacting Platform)၊ အိန္ဒိယအစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ တွေ့ဆုံခြင်း (Partnership  Platform)၊ အသိပညာများမျှဝေခြင်း(Knowledge Dissemination Platform)စသည့်ကဏ္ဍများ ပါဝင်မည်ဖြစ်သည်။

              ပြပွဲတွင် အဓိကအားဖြင့် စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဉယျာဉ်စိုက်ပျိုးရေး၊ နို့ထွက်ပစ္စည်း၊ ငါးလုပ်ငန်း၊ ကြက်ဘဲမွေးမြူရေး၊ ပိုးချည်မျှင်မွေးမြူထုတ်လုပ်ခြင်း၊ ပန်းမန်စိုက်ပျိုးရေး၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာဘဏ္ဍာရေး၊ လယ်ယာလုပ်ငန်းသုံးစက်ယန္တရားကိရိယာများ၊ ရေ၊ သကြား၊ နည်းပညာသစ်များနှင့်စပ်လျဉ်း၍ ပါဝင်ပြသမည်ဖြစ်ကြောင်းနှင့် ပြပွဲဆိုင်ရာအချက်အလက်များကိုသိရှိလို ပါက Mr. Jasdeep Singh၊ Email- jasdeep.singh@cii.in၊ ဖုန်းနံပါတ် -+၉၁ ၉၈၁ ၅၃၀ ၉၇ ၂၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

                                                                                            ငယ်ငယ်ထွန်း(ကုန်သွယ်မြှင့်)