Main menu

Background

ကနီမြို့နယ်၊ လင်ပုန်းရည်ကျေးရွာနှင့် မိုးကောင်းကျေးရွာရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Mon, 09/28/2020 - 10:02 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်း ဦးဆောင်၍ ကနီမြို့နယ်တာဝန်ခံ ဦးဇင်ကိုကိုမြင့်၊ ဦးအောင်ပြည့်ဖြိုးဦးတို့နှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ ၁၈.၉.၂၀၂၀ ရက် ကနီမြို့နယ်၊ လင်ပုန်းရည်ကျေးရွာရှိ ကုန်ဆုံစိုင် (၅)ဆိုင်နှင့် မိုးကောင်းကျေး ရွာရှိ ကုန်စုံဆိုင် (၆)ဆိုင်သို့ သွားရောက်၍ သက်ဆိုင်ရာဌာနများမှ တရားဝင်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ‌ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်‌ရေးဥပဒေ အခန်း (၁၈) ၊ ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် စားသုံးသူကာကွယ်ရေး ဥပ‌ဒေနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ Covid – 19 ကာလအတွင်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု အမိန့်ကြော်ငြာစာအရ ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများ မပြုလုပ်ရန်ဆွေးနွေး ပြောကြားခဲ့သည်။

 

ဦးအောင်ပြည့်ဖြိုးဦး (ယင်းမာပင်)