Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

Thu, 10/01/2020 - 13:49 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၂၈

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ မှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ (၁၁:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ကော်မတီအနေဖြင့် ယခင်အစည်းအဝေးများ၌ ယစ်မျိုးဥပဒေ (မူကြမ်း)နှင့် အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းတို့အပေါ် ဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် စူပါမားကတ်များတွင် ယမကာများ ရောင်းချခွင့်နှင့်စပ်လျဉ်း၍လည်း မူဝါဒဆိုင်ရာကိစ္စရပ်များကို လည်းညှိနှိုင်းဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ အရက်တင်သွင်းရာတွင် အခွန်ဘဏ္ဍာရရှိရေးအပြင် တစ်ဖက်တွင်လည်း ပြည်သူများ ကျန်းမာရေး၊ စာရိတ္တဆိုင်ရာကိစ္စရပ်များနှင့် ဆက်နွယ်နေသည့် အတွက်  ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရမှုများရှိကြောင်း၊ လက်ရှိအခြေအနေမှာ COVID-19 ရောဂါကူးစက်မှုများဖြစ်ပွားနေသော်လည်း မူဝါဒဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်ရန်များရှိ သည့်အတွက် ယခုကဲ့သို့လူချင်းထိတွေ့မှုမရှိသည့် Virtual Meeting ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည် တွင်းသို့ တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားအရက်များကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း လုပ်ငန်းစီမံချက်ဆောင်ရွက်မှု အခြေအနေ၊ အကောက်ခွန်ဦးစီးဌာန၏ Bonded Warehouse  လုပ် ထုံးလုပ်နည်းနှင့်ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ၊ ယစ်မျိုးလိုင်စင်များ တင်ပြလျှောက်ထား လာမှုနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပြန်ကြားရန်ကိစ္စတို့ကို ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်လည်း ယစ်မျိုးဥပဒေသစ် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး တွန်း အားပေးဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ဆဋ္ဌမအကြိမ်ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြ သော ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC IR