Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှောဖလှယ်ပွဲသို့တက်ရောက်အမှာစကားပြောကြား

Thu, 10/01/2020 - 13:50 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၃၀

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ (၀၉:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှောဖလှယ်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

             ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့သဘာဝရော်ဘာထုတ်ကုန် များ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုး သူတောင်သူများ၊ကုန်သည်များ၊စက်ရုံပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျောက်ပါဝင်ပတ် သက်သူများအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမြင့်မားလာစေရေးတို့အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက် ကိုဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနှင့် အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈)ခု သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရော်ဘာကဏ္ဍသည်လည်း ဦးစား ပေးကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ မြန်မာ့ရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင် ရောင်းချနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ့ရော်ဘာထုတ်လုပ်တင်ပို့ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲ၊ အတားအဆီး များကို Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူများအားလုံး တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

            ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာနှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက်ဈေးကွက်ရရှိမှုနှင့် ရော်ဘာ ကဏ္ဍတိုးတက်ရေးအတွက်ဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

            ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင်များကစာတမ်းဖတ်ကြားခြင်း၊ ရော်ဘာ စိုက်ပျိုးတောင်သူများ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအလိုက် ရေတို ရေရှည်ဆောင်ရွက်သွားရ မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

MOC IR