Main menu

Background

တောင်ထန်းများ ဈေးကောင်းရရှိ

Thu, 05/26/2022 - 16:17 -- journal_editor

ဘီးလင်းမြို့နယ်ဒေသထွက်တောင်ထန်းများကို နေ့စဉ်ပဲခူးတိုင်းဒေသကြီးဘက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ် ရာသီတွင်ယခင်နှစ်ထက်ဈေးနှုန်းပိုမိုရရှိလာကြောင်း သိရှိရသည်။တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများ အမိုးပြုလုပ်ရန်အသုံးပြုလျက်ရှိသည်။ ယခင်နှစ်တောင်ထန်းရာသီထွက်ရှိချိန်ဖေဖော်ဝါရီနှင့်မတ်လများတွင်တောင်ထန်းဈေးနှုန်းမှာအကတ် ၁၀ဝလျှင် ကျပ် ၆၅၀ဝမှ ၇၀ဝ၀ထိဈေးရရှိ၍ မိုးရာသီ ရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံး ရရှိတတ်ပြီးဧပြီလတွင်တောင်ထန်းအကတ် ၁၀ဝလျှင် ၁၀ဝ၀ဝ ကျပ်ထိဈေးနှုန်းရရှိခဲ့သည်။ယခုနှစ်တောင်ထန်းရာသီထွက်ရှိချိန် ဖေဖော်ဝါရီနှင့်မတ်လများတွင် တောင်ထန်းဈေးနှုန်းမှာ အကတ် ၁၀ဝလျှင် ကျပ်၈၀ဝ၀မှ၉၀ဝ၀ ထိဈေးရ ရှိကာမိုးရာသီဈေး အမြင့်ဆုံးရရှိချိန် ဧပြီတွင် တောင်ထန်းအကတ် ၁၀ဝလျှင် ကျပ်၂၀ဝ၀ဝ ထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။                                                                                     
    အောင်မြင့်မြတ်(မွန်)