Main menu

Background

စက်တင်ဘာလအတွင်း ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၁၂ သန်းနီးပါးရရှိ

Wed, 11/02/2022 - 16:08 -- journal_editor

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း  ပြည်ပ နိုင်ငံများသို့ ရော်ဘာတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၂ သန်းနီးပါးရရှိခဲ့ကြောင်း   စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်း ဖော်ပြချက်အရ သိရသည်။အဆို ပါ ကာလအတွင်းရော်ဘာတန်ချိန် ပေါင်း ၈၈၀ဝ ကျော်တင်ပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၉၅ သန်း ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။ဌာနအနေဖြင့် ပင်လယ်ရေကြောင်း   ကုန် သွယ်မှုမှတစ်ဆင့်  အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၇၂ သန်း  တန်ဖိုးရှိသည့် ရော်ဘာတန်ချိန် ၂၄၆၀ တင်ပို့ခဲ့ခြင်းဖြစ်ပြီး     နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှတစ်ဆင့်လည်း    အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၃ သန်း တန်ဖိုးရှိသည့် ရော်ဘာတန်ချိန် ၆၃၅၀ တင်ပို့ခဲ့ ခြင်းဖြစ် သည်။နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်   တင်ပို့မှု တွင် တရုတ်နိုင်ငံသို့ တန် ချိန် ၅၃၈၀ နီးပါး၊ ထိုင်း နိုင်ငံသို့   တန်ချိန် ၉၇၀ ကျော်    တင်ပို့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာ တန်ချိန်    စုစုပေါင်း    နှစ်သိန်းခန့်ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ် ကာ ကျန်ရှိသည့် ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း ၌ အသုံးပြုနေခြင်းဖြစ်သည်။အဓိက   တင်ပို့နေသည့်  နိုင်ငံမှာ  တရုတ် နိုင်ငံဖြစ်ပြီး  မလေးရှား၊   စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ အစရှိသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။  မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁၆၄၀ဝ၀ဝကျော်ရှိပြီး    မွန်ပြည်နယ်၊  တနင်္သာရီ တိုင်းဒေသကြီး၊ကရင်ပြည်န ယ်၊  ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင်    စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။