Main menu

Background

ရာသီစာ အင်ဥများ ဈေးကွက်၌ အဝင်များလာ

Tue, 06/20/2023 - 11:12 -- journal_editor

ပြည်မြို့၏ ဟင်းသီးဟင်းရွက် သစ်သီးဝလံဈေးကွက်တွင် ယခု လို မိုးဦးရာသီတွင်သာ ထွက်ပေါ်သော ရာသီစာတစ်မျိုးဖြစ်သည့် အင်ဥများ ဇွန်လဆန်းပိုင်းမှစ၍ ရောင်းချမှုများရှိလာသည်။ အင်ဥ သည် အင်ပင်မှ ြွေကကျထားသော အရွက်များအောက်တွင် ပေါက် ရောက်သော ဥ တစ်မျိုးဖြစ်၍အင်ဥဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ 
တချို့ဒေသများတွင် မှိုဥ၊ မှိုလုံးဟု ခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်များအောက် မြေကြီးအက်ကွဲနေသော နေရာများတွင် ဓား/ ဝါးချွန်များဖြင့် ရက်၍ ရှာဖွေကြရသည်။ အင်ဥအား မြန်မာနိုင်ငံတွင် သာမက ပြင်သစ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံများတွင်လည်း ပေါက်ရောက်ထွက်ရှိကြောင်း သိရသည်။ 
ပြည်ဒေသတစ်ဝိုက်တွင်  ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်အနီး တစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်ဈေးအကွက်သို့ ဝင်ရောက်ကြောင်း သိရသည်။ အင်ဥ ထွက်ပေါ်စရာသီတွင်  နို့ဆီတစ်ဘူးလျှင် ကျပ် ၅၀ဝ၀ ဖြင့် အင်ဥကြိုက်သူများက ဈေးကောင်းပေး ဝယ်ယူစားသုံးကြသည်။ ယခုအင်ဥထွက်ရှိမှု များလာချိန်တွင် ဈေးကွက်အတွင်း နို့ဆီ တစ်ဘူး ကျပ် ၁၀ဝ၀ ဖြင့် ရောင်းဝယ်နေကြရကြောင်း သိရသည်။ 
အင်ဥသည် ရာသီစာ အစားအစာဖြစ်သည့်အတွက် အိမ်ရှင်မ များအနေဖြင့် ကန်စွန်းရွက်နှင့် ကြော်စားကြသလို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ဖြင့် အစပ်ချက်စားကြခြင်း၊ ပြုတ်ပြီးသုပ်စားကြခြင်း၊ သက်သတ်လွတ်သမားများအနေဖြင့်လည်း  သက်သတ်လွတ် ဟင်းလျာ တစ်ခုအဖြစ် အဆင်ပြေသော ဟင်းလျာတစ်ခုဖြစ်သည်။ 
အင်ဥကို ချက်ပြုတ်စားသောက်မည်ဆိုပါက ရေဖြင့် လေးကြိမ်၊ ငါးကြိမ်ခန့် ဆေးကြောပေးရသည်။ ရေအထပ်ထပ် မဆေးကြောပါက စားသုံးသည့်အခါ  သဲများ  ပါဝင်နိုင်သည့်အတွက် ရေဖြင့်သေချာ ဆေးကြောမှသာ  တွယ်ကပ်နေသော သဲများ၊ မြေကြီးများ ကွာကျပြီး အင်ဥဖြူဖြူလေးများ  ရရှိလာမည်ဖြစ်သည်။  အင်ဥသည် မှိုအမျိုး အစားထဲ၌ ပါဝင်နေသလို မှိုတွင်ပါဝင်သော အာဟာရဓာတ်များဖြစ် သည့် ပရိုတင်း၊  အမိုင်နိုအက်စစ်ဓာတ်၊ ကယ်လ်စီယမ်၊ မီးစုန်းနှင့် Antioxidants  တွေ ပါဝင်ပါသောကြောင့်  ကျန်းမာရေးအတွက် အကျိုးပြုစေသော  ရာသီစာဖြစ်သည်။  အင်ဥတွင် ယူရစ်အက်စစ် ဓာတ်လည်း များစွာပါဝင်သည့်အတွက် လေးဘက်နာ၊ ဂေါက်ရောဂါသမားများ သတိထားစားသုံးသင့်သည်။ အင်ဥနှင့် တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊  မျှစ်ချဉ်၊  ပုစွန်ချဉ်၊ ငါးဖယ်ချဉ် ၊ငါးလေးချဉ် ၊ ဆူးပုပ်၊ ပဲငါးပိ စသည့် အစားအစာများဖြင့် တွဲဖက်မစားသင့်သလို ခါးကိုက်၊ ခါးနာသူများ၊ အစာအဆိပ်သင့်တတ်သူများ၊   သွေးတိုးရောဂါနှင့်  နှလုံးရောဂါရှိသူများ မစားသုံးသင့် ကြောင်း  လေ့လာသိရှိရသည်။                           
ခင်ဆွေဝင်း(ပြည်)