Main menu

Background

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Fri, 06/29/2018 - 11:59 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ   ဇွန် ၉ ရက်မှ ၁၅ ရက်အထိ  သီတင်းပတ် အတွင်း  အမေရိကန်ဒေါ်လာ ၆၂၈၀ တန်ဖိုးရှိ လက်ဖက်ခြောက် တန် ၂၀ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာယခင် တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၆၅ တန်နဲ့နှိုင်းယှဉ်ပါက ၄၅ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ   တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း  အဆိုပါသီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၂၆၇၅၈ တန်ဖိုးရှိ  လက်ဖက်ခြောက် ၆၈ တန်ကျော်ကို  ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  ယခင် တစ်ပတ်က တာချီလိတ်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိခဲ့ပါဘူး။

မြန်မာ့လက်ဖက်အသင်းမှဦးဆောင်ပြီးနိုင်ငံခြားသားများအဝင်၊အထွက်အများဆုံး ပြုလုပ်တဲ့နေရာများတွင် မြန်မာ့ လက်ဖက်ရည်ကြမ်းဝိုင်း Tea Gardenဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက် ထားကြောင်း၊  နိုင်ငံတကာမှ မြန်မာ့ထွက် ကုန်ကို လွယ်လွယ်ကူကူ ထိတွေ့နိုင်ရန်နှင့် တန်ဖိုးထား ဧည့်ခံနိုင်ရန်၊ မြန်မာ့လက်ဖက် သဘာဝအရသာများကို မိတ်ဆက် ခွင့်ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ြ ခင်းဖြစ်ေ ကြာင်း မြန်မာ့လက်ဖက် အသင်းအစုအဖွဲ့မှသတင်းရရှိပါတယ်။

မော်မော်အောင်