Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက်၌ ပဲလွမ်းဖြူသီးနှံသာ ဈေးပိုရလာခဲ့

Thu, 07/23/2020 - 15:35 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးလျော့နည်းလာခဲ့ပြီး  ကုလားပဲ၊ ပဲကြီးသီးနှံ များ ဈေးငြိမ်လျက်ရှိကာ လက်လီအဝယ်များတဲ့ ပဲများထဲမှာတော့ ပဲလွမ်းဖြူသီးနှံဈေး  ပိုရလာခဲ့ကြောင်းသိရသည်။  ကျန်လက်လီ ပဲအချို့လည်း ဈေးအပြောင်းအလဲသိပ်မဖြစ်ဘဲ  ဈေးငြိမ်ရောင်း ဝယ်နေခဲ့ကြသည်။
မတ်ပဲ
မတ်ပဲသီးနှံမှာ ယခုကာလတွင်  ပဲအဝင်မရှိဘဲ လက်ကျန်ရှိ ခဲ့တဲ့ ပဲများသာ ရန်ကုန်ဝယ်လက်ရှိသည့်ရက်၌ အိတ် ၁၀ဝ/၂၀ဝ ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ကြသည်။  နေ့စဉ်အဝယ်မရှိဘဲ ရက်ခြား ရောင်းဝယ်နေခဲ့ပြီး ပဲဈေးမှာ တစ်တင်းကျပ် ၃၁၂၀ဝဖြင့်သာ ဈေး အေးနေခဲ့သည်။
ယခုတစ်ပတ်အတွင်း မတ်ပဲသီးနှံမှာ  ဈေးအေးနေသော် လည်း တစ်တင်းကျပ် ၃၁၀ဝ၀ကျော် ရရှိနေသည့်အတွက် ယခင် လများနှင့် ဈေးနှင့်နှိုင်းယှဉ်လျှင်   ဈေးကွာခြားမှုသိပ်မရှိခဲ့ကြောင်း သိရသည်။    နှစ်ဆန်းပိုင်းကာလကသာ ပဲဈေးနှုန်းများ တစ်တင်း ကျပ်  ၃၅၀ဝ၀ ကျော်ထိ မြင့်တက်လာပြီး မတ်လနှင့်   ဧပြီလမှစ၍ ဈေးလျော့နည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပဲစင်းငုံ
ပဲစင်းငုံသီးနှံမှာလည်း မတ်ပဲသီးနှံကဲ့သို့ပင် ယခုတစ်ပတ် မှာ ဈေးလျော့နည်းလာခဲ့ပြီး တစ်တင်း ကျပ် ၂၅၀ဝ၀ ဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။  လက်ကျန်ပဲများရှိမှုအပေါ် ရန်ကုန် ဝယ်လက်သမားရက်ခြားဝယ်ယူမှုရှိကြောင်းသိရသည်။ထို့ကြောင့် အရောင်းအဝယ်ဖြစ်သည့်ရက်တွင်အိတ် ၂၀ဝကျော်ရောင်းချမှုရှိခဲ့ကြောင်းသိရသည်။ ပဲစင်းငုံသီးနှံ၏ ယခုနှစ်ဈေးနှုန်းမှာ ကျပ် သုံးသောင်းအောက်သာရရှိခဲ့သည့်အတွက် ယခင်နှစ်ဈေးနှင့်ယှဉ် လျှင် ပဲဈေးနှုန်းနည်းနေခဲ့တာကိုတွေ့ရပြီး  ယခင်နှစ်ကတစ်တင်း ကျပ် ၃၃၀ဝ၀ ထိ ရရှိခဲ့ကြောင်းသိရသည်။
ကုလားပဲ
ကုလားပဲသီးနှံသည် ပြည်ပဝယ်လက်သမားမရှိသော်လည်း ဒေသတွင်းဝယ်လက်များဖြင့် နေစဉ်ရောင်းဝယ်နေကြရပြီး တစ်ခါ တစ်ရံ  ရန်ကုန်ဝယ်လက်သမားများကလည်း အဝယ်ရှိခဲ့ကြောင်း သိရ သည်။ ပဲလက်ကျန်လှောင်ပဲများရှိသလို ပဲဝင်ရောက်မှုလည်း အနည်းငယ်ရှိခဲ့သည့်အတွက် ဝယ်လိုအားရှိသလောက် ရောင်းချ နိုင်ခဲ့ကြသည်။ ဒေသတွင်းခွဲစက်သမားများ နေ့စဉ်အဝယ်ရှိပြီး တစ်ရက်အိတ် ၂၀ဝ/၂၅၀ကျော်ရောင်းချမှုဖြစ်ကာ ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၂၅၂၀ဝဖြင့် ဈေးငြိမ်နေကြောင်းသိရသည်။
ပဲလွမ်းဖြူ
အခြားပဲများဈေးငြိမ်နေသော်လည်း   ပဲလွမ်းဖြူသီးနှံက တော့ ယခင်အပတ်ထက်   ဈေးပိုလာခဲ့သည်။ သို့သော်လည်း ပဲလက်ကျန်နည်းခဲ့သည့်အတွက် လက်လီသာအဓိကထားရောင်း ဝယ်မှုဖြစ်ပြီး နေ့စဉ်အိတ်အနည်းငယ်ရောင်းချမှုဖြစ်ခဲ့သည်။
ပဲဈေးမှာ တစ်တင်းကျပ် ၃၀ဝ၀ဝ မှ ၃၂၀ဝ၀ ထိ ရရှိခဲ့ သည့်အတွက် ယခင်ပတ်ထက်  တစ်တင်းကျပ် နှစ်ထောင်ကျော် မြင့်တက်လာခဲ့သည်။ လက်လီပဲဈေးကွက်အတွင်းမှာ ထောပတ်ပဲ၊ ပဲနီပြား၊ ဗိုလ်ကိတ်ပဲသီးနှံများနှင့်ယှဉ်လျှင်လည်း ဈေးပိုရရှိနေခဲ့ ကြောင်း လေ့လာသိရှိရသည်။    
ခင်ဆွေဝင်း(ပြည်)