Main menu

Background

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ရန် လျာထား

Mon, 11/28/2022 - 15:14 -- journal_editor

ယခု   ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ ရန် လျာထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ   သိရ သည်။  ကမ္ဘာ့ရော်ဘာဈေးမှာ  လက်ရှိတွင် အကျ ဘက်သို့ရောက်ရှိနေပြီး  ဒေါ်လာငွေကြေး တည် ငြိမ်ပြီး တင်ပို့မူအပိုင်းတွင်   မူဝါဒများ မပြောင်း လဲပါက ယခုနှစ်တွင် တန်ချိန်သုံးသိန်းခွဲအထိ တင် ပို့နိုင်မည်ဖြစ်ကြောင်း   အဆိုပါအသင်း   အတွင်း ရေးမှူး ဦးခိုင်မြင့်က နိုဝင်ဘာ ၁၆ ရက်တွင် ပြော သည်။   ယခင် ကမ္ဘာ့ရော်ဘာပေါက်ဈေးမှာ တစ် တန်လျှင် ဒေါ်လာ  ၂၀ဝ၀ ဝန်းကျင်အထိ ရှိခဲ့ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၅၀ဝ ဝန်းကျင် သာ ရှိသည့်အတွက်  အကျဘက်သို့ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း ဦးခိုင်မြင့်က ပြောသည်။
“အခု ကမ္ဘာ့ရော်ဘာဈေးက အကျဘက်ကို သွားနေတယ်။၁၅၀ဝပဲရှိတော့တာဆိုတော့ အများ ကြီး ကျသွားတယ်။ ကမ္ဘာ့နိုင်ငံတွေမှာလည်းအရေး အခင်းပြဿနာတွေ   အများအပြားရှိကြတယ်။ ဒီနှစ် ပြည်ပတင်ပို့တဲ့အခါမှာ မူဝါဒတွေ ခဏခဏ မပြောင်းရင်တော့ တန်ချိန် သုံးသိန်းခွဲအထိ တင်ပို့ ဖို့ လျာထားတယ်”ဟု ၎င်းက ပြောသည်။
မြန်မာ့ရော်ဘာမှာ    ပြည်ပတင်ပို့မှုသာ အဓိကရှိပြီး     ပြည်တွင်းသုံးစွဲမှုနည်းသည့်   ကုန် ပစ္စည်းဖြစ်သောကြောင့် နိုင်ငံတကာဈေးနှုန်းပေါ် တွင်သာ မူတည်ပြီး တင်ပို့ရာတွင် မူဝါဒပိုင်းအပြင် အခြားအခက် အခဲများစွာရှိကြောင်း သိရသည်။
ရော်ဘာခြံပြန်ဖွင့်ချိန် ကမ္ဘာ့ရော်ဘာဈေး ပုံမှန်တွင်ရှိနေခြင်းဖြစ်ပြီး  ပြည်တွင်း၌ ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ မှ ၁၂၅၀ ကြားအတွင်း အရောင်းဝယ်ဖြစ်နေကြောင်းသိရသည်။  ပြည် တွင်း၌ ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသ များဖြစ်သည့်    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက ၁၆၄၀ဝ၀ဝ ကျော်အထိရှိကာ  အဆိုပါ စိုက်ဧကများထဲမှ အထွက်နှုန်း   တိုးတက်လာခြင်း ကြောင့် တစ်နှစ်ထက်တစ်နှစ် ရော်ဘာထုတ်လုပ်မှု မြင့်တက်လာကြောင်း သိရသည်။ 
လက်ရှိတွင်    မြန်မာ့ရော်ဘာ   စုစုပေါင်း၏ ၇၅ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့အဓိကတင်ပို့ လျက်ရှိကာ    မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ကိုလည်းတင်ပို့ မှုများရှိပြီး အများဆုံးအနေဖြင့်ပင်လယ်ရေကြောင်း မှ တင်ပို့လျက်ရှိ ကြောင်း သိရသည်။
ပန်းဆု