Main menu

Background

ဖြူးမြို့နယ်ရှိ အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်း အတက်အကျရှိ  

Tue, 03/28/2023 - 15:54 -- journal_editor

တောင်ငူခရိုင် ဖြူးမြို့တွင် ယခုရက်ပိုင်းအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းမှာ  တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧည့်မထ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၅၄၀ဝ၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိသည်။ 
ပဲဆီမှာ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဈေးနှုန်းဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်တစ်ပတ်က တစ်ပိဿာ ကျပ် ၆၅၀ဝ ဈေးနှုန်းရှိပြီး  ယခုတစ်ပတ်တွင်မူ တစ်ပိဿာ ကျပ် ၇၁၅၀ ဈေးနှုန်းရှိကာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိသည်။ 
ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်တစ်ပတ်က ကျပ် ၁၂၀ဝ မှ ယခုတစ်ပတ်တွင် ကျပ် ၁၃၀ဝ ၊ ကြက်သွန်ဖြူ တစ်ပိဿာ လျှင် ယခင်တစ်ပတ်က ကျပ် ၅၀ဝ၀ မှ ယခုတစ်ပတ်တွင် ကျပ် ၆၀ဝ၀ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိသည်။
ငရုပ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ယခင်တစ်ပတ်က ကျပ် ၁၂၀ဝ၀ ဈေးနှုန်းဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၁၁၀ဝ၀ ဈေးနှုန်းရှိရာ အနည်းငယ် ကျဆင်းသွားသည်။ အာလူး တစ်ပိဿာလျှင် ယခင်အပတ်က ကျပ်၂၀ဝ၀ ဈေးနှုန်းမှ ယခု အပတ်တွင် ကျပ် ၂၄၀ဝ ဖြင့် ဈေးနှုန်းအနည်းငယ်  မြင့်တက်သည်။ 
မြေပဲဆန် တစ်ပိဿာလျှင် ယခင်တစ်ပတ်က ကျပ် ၇၅၀ဝ ဈေးနှုန်းဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် ၇၉၀ဝ နှုန်းဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင် ယခင်တစ်ပတ်က ကျပ် ၄၈၀ဝ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးနှုန်းပြောင်းလည်းမှုမရှိကြောင်း သိရသည်။                                                                                   

သဲစုလွင်(တောင်ငူ)