Main menu

Background

နှမ်း

Wed, 02/17/2010 - 04:00 -- Anonymous (not verified)

နယ်စပ်လမ်းကြောင်းမှတင်ပို့မှု     ဖေဖော်ဝါရီလ ဒုတိယပတ် မူဆယ်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ နှမ်းဖြူ ၁၅၄၆ တန်ကို တင်ပို့နိုင်ခဲ့ပြီး၊ မန္တလေးက ကား ၁၁ စီးနဲ့ နှမ်းနက် ၅၁၀ တန်ကို  တစ်ဖက် နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။   နှစ်စဉ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ အများဆုံးလို့ သိရပါတယ်။ ယခုအပတ်မှာ နှမ်းဖြူအခွံချွတ် တင်ပို့မှုမရှိသော်လည်း တစ်ဖက်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်နေလို့ နှမ်းဖြူ တန်ချိန် ၅၀၀ကျော်နဲ့ နှမ်းနက် တန်ချိန် ၂၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။     ယခုအပတ်မှာ နှမ်းနက်ဈေး မပြောင်းသော်လည်း နှမ်းဖြူဈေးမှာ တစ်တန် လျှင် တစ်သောင်းခန့် ဈေးလျော့ကျလျက်ရှိပါတယ်။     အမျိုးအစား    မိမိဘက်ဈေး(ကျပ်)    တစ်ဖက်နိုင်ငံဈေး(ဒေါ်လာ)             နှမ်းဖြူ            ၁၂၃၆၂၄၀                  ၁၃၉၅     နှမ်းနက်          ၁၀၈၁၀၁၀                 ၁၄၉၇ပင်လယ်ရေကြောင်း     ယခုတစ်ပတ်တွင် ပင်လယ်ရေကြောင်းမှ နှမ်းတန်ချိန် ၄၀၀ ကျော်သာ  တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် တန်ချိန် ၉၀၀ ကျော်ခန့် လျော့နည်းခဲ့ပါတယ်။  ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တင်ပို့မှုတန်ချိန်တွေကတော့ -    နိုင်ငံ         တန်ချိန်    မလေးရှား    ၁၁၄    ကိုရီးယား     ၄၂                    ဂျပန်      ၂၁၆.၀၂    တရုတ်     ၃၇ .၇၆     ဒီတစ်ပတ် နှမ်းမျိုးစုံ ရန်ကုန် (ၤဥြ) တစ်တန်ဈေးနှုန်းတွေကတော့ သိပ္ပံ နှမ်းနက်က ကန်ဒေါ်လာ ၁၇၀၀-၁၈၀၀၊ နှမ်းနက်က ကန်ဒေါ်လာ၁၃၅၀-၁၄၅၀၊ နှမ်းဖြူက ကန်ဒေါ်လာ ၁၃၇၅-၁၄၇၅တို့ဖြစ်ပါတယ်။ပြည်တွင်းဈေးကွက် ခပ်အေးအေး     ယခုသီတင်းပတ် အစောပိုင်း မန္တလေးဈေးကွက်မှာ  တရုတ်နှစ်သစ်ကူး နီးလာလို့ တရုတ်ဝယ်လက်မှ အဝယ်ရှိနေလို့ နှမ်းဖြူ ထိပ်စနဲ့ နှမ်းနက်လတ်စများ ဈေးတက်ခဲ့ပေမယ့် သီတင်းပတ် နှောင်းပိုင်းမှာတော့ နှမ်းမျိုးစုံ အရောင်းအဝယ်အေးသလို ဈေးလည်း အေးလာခဲ့ပါတယ်။      ပခုက္ကူဘက်မှာတော့ ပြင်နှမ်းကြီးတွေက ရာသီကုန်လုနီးပြြီဖစ်လို့ ဈေးကွက်ရော ဈေးနှုန်းပါ အေးလာခဲ့ပါတယ်။ မကွေးအောင် လံဘက်မှ  အရောင်းအဝယ် ပုံမှန်ဖြစ်သလို ဈေးနှုန်းငြိမ်နေခဲ့ပါတယ်။ ဒေသအသီးသီးမှ မြို့နယ်အလိုက် ဖေဖော် ဝါရီလ ၁၁ ရက် နေ့မှာ ဖြစ်ပေါ်နေတဲ့နှမ်းဈေးတွေကတော့ -    မြို့နယ်            နှမ်းဖြူ           နှမ်းနက်          နှမ်းနီ               နှမ်းညို    မန္တလေး      ၁၈၂၂-၁၉၁၁    ၁၅၅၆-၁၉၉၁          -              ၁၄၈၉-၁၅၁၁    မကွေး       ၁၈၂၂-၁၈၆၇        ၁၇၇၈          ၁၅၅၆-၁၆၁၁        ၁၅၀၀        မုံရွာ          ၁၆၀၀-၁၈၀၀           -                ၁၅၆၇             ၁၅၀၀    အောင်လံ         ၁၇၇၈          ၁၇၇၈              ၁၅၅၆                 -           အောင်လံသိပ္ပံနှမ်းနက်ဈေးကတော့ တစ်ပိဿာ ၂၅၁၂ ကျပ်ဈေးဖြစ်လို့ ယခင် တစ်ပတ်ကထက် ၆၇ ကျပ်မြင့်တက်ခဲ့ပါတယ်။