Main menu

Background

နှမ်း

Tue, 02/23/2010 - 07:28 -- Anonymous (not verified)

ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တရုတ်ကို အများဆုံးပို့နှစ်ကူးကြောင့် နယ်စပ်ကအဝယ်မရှိ     ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၁၇၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်တန်ချိန် ၄၀၀ ထက်ပိုမိုပြီး၊ တင်ပို့မှုအားကောင်းတာကို တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတေထွဲမှာတော့ တရုတ်ကိုအများဆုံးဖြစ်ပြီး၊ နိုင်ငံအလိုက် တင်ပို့မှုတွေ ကို ဖော်ပြလိုက်ပါတယ် -    နိုင်ငံ          တန်ချိန်    ဂျပန်        ၂၁၆ .၀၂    ကိုရီးယား   ၁၃၈ .၆၄    တရုတ်      ၁၁၈၃ .၆၁    စင်ကာပူ      ၉၄ .၉၆    မလေးရှား   ၁၁၄ .၀၀    ယခင်တစ်ပတ်က နယ်စပ်လမ်းကြောင်းမှ နှမ်းဖြူ၊ နှမ်းနက်တန်ချိန် ၇၀၀ တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်အတွင်း နှစ်ကူးပိတ်ရက်များ ကြောင့် နှမ်းတင်ပို့မှုမရှိခဲ့တာကို တွေ့ရပါတယ်။ ဒီတစ်ပတ်ပိတ်ရက်များလို့ မုံရွာကနှမ်းစီးထွက်မှုလျော့     မုံရွာဈေးကွက်ကို အရာတော်၊ ယင်းမာပင်၊ ဝက်လက်၊ ကန့်ဘလူနယ်တွေက နှမ်းရောင်စုံဝင်ရောက်မှုရှိပြီး၊ ရန်ကုန်၊ မန္တလေး ဝယ်လက်များ အဝယ်ပုံမှန်ရှိနေလို့ အရောင်းအဝယ်ပုံမှန်ရှိပါတယ်။ ဒီတစ်ပတ်ပိတ်ရက်တွေကြောင့် အဝင်နည်းသွားပေမဲ့ ဈေးက တော့ တစ်တင်းကို ၅၀၀-၁၅၀၀ ခန့် မြင့်တက်လာခဲ့ပါတယ်။ စီးထွက်မှုအနေနဲ့ မန္တလေးဘက်ကို ယခင်တစ်ပတ်က တန်ချိန် ၆၀ ခန့်ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တန် ၃၀ ကိုလျောကျခဲ့ပါတယ်။ လက်ကျန်အနေနဲ့ တစ်တိုင်းလုံးမှာ တန် ၃၀၀၀ ခန့်ရှိအုံးမယ်လို့ ခန့်မှန်း ကြပါတယ်။ မန္တလေးဈေးကွက်မှာ အရည်အသွေးမြင့်တဲ့ နှမ်းနက်ကဈေးပိုရ     မန္တလေးဈေးကွက်ကို ဒေသအသီးသီးက နှမ်းဖြူ၊ နှမ်းနက်ဝင်ရောက်မှုဟာ နေ့စဉ်အိတ် ၁၀၀၀ ကျော်ရှိသလို တရုတ်ဝယ် လက်ကလည်း ဝယ်လိုအား ကောင်း နေပါတယ်။ တရုတ်နှစ်ကူးပြီးကာစက အဝယ်သိပ်မလိုက်ပေမဲ့ သီတင်းပတ် နှောင်းပိုင်းမှာ တော့ အဝယ်ပြန်သွက်လာလို့ နှမ်းဖြူထိပ်စလည်း ဈေးပိုလာသလို အရည်အသွေးမြင့်တဲ့ နှမ်းနက်ကိုလည်း ဈေးပိုပေးလာကြပါ တယ်။ နှစ်လိုင်းပြိုင်ဆွဲလို့ ဈေးကောင်းရတဲ့ အောင်လံနှမ်း     ဖေဖော်ဝါရီ တတိယပတ်မှာ သိပ္ပံနှမ်းနက်ကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး တရုတ်လိုင်းဝယ်လက်တို့ ပုံမှန်အဝယ်ရှိလာတာ ကြောင့် ယခင်အပတ်ထက် ဈေးမြင့် လာကာ တစ်ပိဿာ ၂၅၁၅ ကျပ်ဈေးမှာငြိမ်ပြီး တစ်နေ့အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ် နေပါတယ်။ ဒေသအခေါ် ပြာနှမ်းခေါ်တဲ့ နှမ်းနက်ကလည်း မန္တလေး ဝယ်လက်ပုံမှန်အဝယ်ရှိလို့ တက်ဈေး တစ်ပိဿာ ၁၈၈၉ ကျပ် နဲ့ နေ့စဉ်အိတ် ၃၀၀ နဲ့ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။         းဈေးကွက်အသီးသီးက နှမ်းရောင်စုံ တစ်ပိဿာဈေးနှုန်းတွေကို ဖော်ပြလိုက် ပါတယ် -                        နှမ်းဖြူ             နှမ်းနက်        နှမ်းနီ             နှမ်းညို    မန္တလေး      ၁၈၆၇-၁၈၈၉      ၁၈၄၄-၁၈၈၉        -             ၁၅၃၃-၁၅၅၆    မုံရွာ          ၁၆၆၇-၁၉၀၀              -            ၁၆၂၀              ၁၅၃၃    မကွေး       ၁၈၄၅-၁၈၈၉    ၁၇၇၈-၁၈၄၅     ၁၆၀၀-၁၆၂၂        ၁၅၁၁    အောင်လံ           -                 ၁၈၈၉            -                   -     အောင်လံမှာသာထွက်တဲ့ သိပ္ပံနှမ်းနက်ဈေးက တစ်ပိဿာ ၂၅၂၅ ကျပ်ရှိလို့ ယခင်တစ်ပတ်က ၃ ကျပ်သာ မြင့်တက်ပါတယ်။                                                                                                         ကျော်မျိုးမင်