Main menu

Background

ပခုက္ကူကို ဆန်အဝင်များတာ ပုံမှန်လို့ပဲ ထင်ပါတယ်

Thu, 02/25/2010 - 10:16 -- Anonymous (not verified)

   ရက်ပေါင်း ၂၈ရက်သာရှိတဲ့ ဖေဖော်ဝါရီလရဲ့ လတစ်ဝက်ကျိုးချိန်မှာတော့ ပခုက္ကူကို ဆန် ၁၃၃၈၉၆အိတ် ဝင်ရောက်ခဲ့ပြီးဖြစ်ပါ တယ်။ ဒေသအလိုက်ခွဲခြားကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းရွှေဘိုက ကား ၁၁ စီးနဲ့ ၄၄ဝဝ အိတ်၊ မုံရွာက ၁၅ စီးနဲ့ အိတ် ၅ဝဝဝ ၊ ရေဦး က ၄ စီးနဲ့ ၁၆ဝဝ အိတ်၊ ကလေးက ၂ စီးနဲ့ အိတ် ၁ဝဝဝ စုစုပေါင်း ၁၂ဝဝဝ အိတ်ဝင်ရောက်ခဲ့ပါတယ်။  ဧရာဝတီတိုင်းဘက်ကတော့ မြောင်းမြက ရေယာဉ် ကိုးစီးနဲ့ ၉ဝ၉၈၃ အိတ်၊ မြန်အောင်က တစ်စီး ၆၅ဝဝ အိတ်၊ အိမ်မဲက တစ်စီး ၆၃၅ဝ အိတ်၊ ဟင်္သာတက နှစ်စီး ၁၆ဝ၆၃ အိတ်နဲ့ ပုသိမ်က တစ်စီး ၂ဝဝဝ အိတ် စုစုပေါင်း ၁၂၁၈၉၆ အိတ် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။    ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီတစ်လလုံးမှာ  စစ်ကိုင်းတိုင်းက ဆန် ၃၈ဝ၃ဝ အိတ်နဲ့ ဧရာဝတီတိုင်းက ၁၈၁၉၉၂ အိတ် စုစုပေါင်း ၂၂ဝဝ၂၂ အိတ်ဝင်ရောက်ခဲ့တာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ စစ်ကိုင်းတိုင်းဟာ အလားတူကာလ လဝက်ရဲ့ ၃၁ ဒသမ ၅၅ ရာခိုင်နှုန်း ဝင်ရောက်ခဲ့ပြီး၊ ဧရာဝတီကတော့ လဝက်မှာပဲ ၆၆ ဒသမ ၉၇ ရာခိုင်နှုှုန်း ဝင်ရောက်ခဲ့တာတွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ဆန်ပိုဒေသတွေက ဆန်တွေ၊ ဆန်လိုဒေသတွေကို အလုံးအရင်းနဲ့ တင်ပို့လာကြတာဟာ ပုံမှန်လုပ်ငန်းပဲလို့ပဲ သုံးသပ်နိုင်ပါတယ်။ လက်ရှိပခုက္ကူမှာ ဆန်လက်ကျန် တစ်သိန်းခွဲအထက်မှာ ကျန်ရှိနိုင်ကြောင်း လေ့လာသိရှိရကြောင်းပါ။