Main menu

Background

ပခုက္ကူ စားသုံးသူဆီဈေးကွက်

Wed, 02/17/2010 - 03:26 -- Anonymous (not verified)

     ယောနယ်ကထွက်တဲ့ မြေပဲဝင်တဲ့ရာသီကုန်ချိန်နီးပါပြီ။ ပခုက္ကူမှာလက်ရှိဈေးက တစ်ပိဿာ ၁၀၅၀ ကျပ်မှ ၁၁၀၀ ကျပ်အတွင်းမှာ ပါ။ ပခုက္ကူနယ် ပတ်ဝန်းကျင်ကထွက်တဲ့ ပြင်နှမ်းကြီးတွေလည်း ရာသီအဖျားပိုင်း ရောက်လာပါပြီ။ နှမ်းညို တစ်တင်း ၂၆၈၀၀ ကျပ်နဲ့ နှမ်းနီ ၂၃၅၀၀ ကျပ် ဈေးရှိပါတယ်။ ဈေးကွက်ရော ဈေးနှုန်းပါ ခပ်အေးအေးပါပဲ။ မြေပဲရော နှမ်းပါအေးနေမှတော့ ပဲဆီနဲ့ နှမ်းဆီတွေ လည်း ပုံမှန်ပါဘဲ။ မြေပဲဆီသန့် တစ်ပိဿာ ၃၀၀၀ ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ ၂၇၅၀ ကျပ်၊ ရောဆီများက ၂၅၀၀ ကျပ်နဲ့ စားအုန်း ဆီက ၁၈၅၀ ကျပ် ဈေးရှိပါတယ်။                                                                                           သက်ကြီးပု