Main menu

Background

ပခုက္ကူကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးကွက်အခြေအနေ

Wed, 05/23/2018 - 15:55 -- journal_editor

ယခုတစ်ပတ် ပခုက္ကူ ကုန်စည်ဒိုင်၌ ပဲစင်းငုံနီအဟောင်း တစ်တင်းလျှင်ကျပ် ၁၄၀၀၀ ဖြင့်   အိတ် ၅၀၀ခန့် ၊ ပဲစင်းငုံံ (အသစ်) တစ်တင်းလျှင် ကျပ် ၁၃၉၀၀ ဈေးဖြင့် အိတ် ၃၀ ခန့် ကုလားပဲဝါ HL တစ်တင်းလျှင်ကျပ် ၂၀၈၀၀ ဖြင့်အိတ် ၅၀ခန့်  ကုလားပဲဖြူလုံးကြီး V2 တစ်တင်းလျှင်ကျပ် ၂၁၅၀၀ ဖြင့်အိတ် ၁၀၀ ခန့်၊ ကုလားပဲဝါလုံးကြီး၉၂၉တစ်တင်းလျှင် ကျပ် ၂၁၅၀၀ ဖြင့် အိတ် ၅၀ခန့်၊ မတ်ပဲ တစ်တင်းလျှင်ကျပ် ၁၄၀၀၀ ဖြင့် အိတ်၅၀ခန့် ရက်ခြားအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲယင်း (မြစ်ခြေ)တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အိတ် ၅၀ခန့်၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၁၅၅၀၀ ဖြင့် အိတ် ၅၀ခန့်၊ ပဲဇီးကွက် တစ်တင်းလျှင်  ကျပ် ၂၂၇၀၀ဖြင့် အိတ် ၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

စွန်တာနီ(ကျွန်း) တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အိတ် ၅၀ခန့်၊ ထီးလင်း (စားတော်ပဲ) ကျပ် ၃၁၅၀၀ဖြင့် အိတ် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  ပြောင်းဖူးစေ့ (ဃဏ)ဈေးဟာလည်း  အနည်းငယ်ကျလျက်ရှိပြီး တစ်တင်းလျှင်ကျပ် ၁၀၄၀၀ အိတ်ရေ  ၁၀၀ခန့်ဖြင့် နေ့စဉ်ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိသည် ဟု ကုန်စည်ဒိုင်မှသတင်းရ ရှိပါတယ်။

ကျွန်းထောဖြူ တစ်တင်းလျှင် ကျပ် ၃၉၀၀၀ ဖြင့် အိတ် ၅၀ ခန့် ၊ ယောထောပတ်ပဲဖြူ တစ်တင်း လျှင် ကျပ် ၄၀၅၀၀ ဖြင့် အိတ် ၅၀၀ခန့်  နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပါ တယ်။  ပဲတီစိမ်းကြီး ပြောင်တစ်တင်းလျှင် ကျပ် ၃၈၀၀၀မှ ၃၉၀၀၀ ဖြင့်၂၅ အိတ်ခန့်  ဒေသထွက် မန်ကျည်းတောင့်ဈေး များ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ကျဆင်းနေပါ တယ်။ ယခင်တစ်ပတ်က မန်ကျည်းတောင့် တစ်ပိဿာလျှင် ကျပ် ၁၀၄၀၀ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် မန်ကျည်းတောင့် တစ်ပိဿာလျှင်၈၃၀ကျပ် ဖြင့် ပိဿာချိန် ၃၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ကြက်ဆူတစ်ပိဿာလျှင်  ၁၃၀၀ ကျပ် ဖြင့် ပိဿာချိန် ၁၃၀၀၀ ခန့်နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)