Main menu

Background

ပခုက္ကူကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးကွက်

Thu, 05/31/2018 - 10:19 -- journal_editor

 ယခုတစ်ပတ်  ပခုက္ကူကုန်စည် ဒိုင်၌ပဲစင်းငုံနီအဟောင်း    တစ်တင်း လျှင်ကျပ် ၁၄၅၀၀ ဖြင့် အိတ် ၅၀ခန့်၊ ပဲစင်းငုံ (အသစ်)တစ်တင်းလျှင်  ကျပ် ၁၃၉၀၀ ဈေးဖြင့် အိတ် ၃၀ ခန့်၊ ကုလား ပဲဝါ HL တစ်တင်းလျှင် ကျပ်၂၀၈၀၀   ဖြင့် အိတ် ၅၀ ခန့်၊ ကုလားပဲဖြူလုံးကြီး V2  တစ်တင်းလျှင်  ကျပ် ၂၁၄၀၀ ဖြင့် အိတ် ၁၀၀ ခန့်၊ ကုလားပဲဝါလုံးကြီး ၉၂၉ တစ်တင်း လျှင် ကျပ် ၂၁၀၀၀ ဖြင့် အိတ် ၅၀ ခန့်၊ မတ်ပဲတစ်တင်းလျှင်   ကျပ် ၁၄၀၀၀ ဖြင့် အိတ် ၅၀ ခန့်   ရက်ခြားအရောင်း အဝယ်ဖြစ်ခဲ့ ပါတယ်။ ပဲယင်း (မြစ်ခြေ)တစ်တင်းလျှင် ကျပ် ၂၀၃၀၀ ဖြင့် အိတ် ၅၀ ခန့်၊ ပဲလွန်းပြာ တစ်တင်း လျှင် ကျပ် ၁၄၅၀၀ ဖြင့် အိတ် ၅၀ ခန့်၊ ပဲဇီးကွက်တစ်တင်းလျှင်ကျပ်  ၂၃၅၀၀ ဖြင့် အိတ် ၅၀န့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။

စွန်တာနီ(ကျွန်း)တစ်တင်းလျှင် ကျပ် ၂၀၇၀၀ ဖြင့်    အိတ် ၅၀ ခန့်၊ ထီးလင်း (ကျော) ကျပ် ၃၁၅၀၀ ဖြင့် ၂၅ အိတ် ခန့်    အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ပြောင်းဖူးစေ့   (CP)ဈေးဟာလည်းအနည်းငယ်ကျလျက်ရှိပြီးတစ်တင်း လျှင်ကျပ် ၁၀၉၀၀  ဖြင့် အိတ် ၁၀၀ ခန့် နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း   ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။

ကျွန်းထောဖြူ   တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြင့်  အိတ် ၅၀ ခန့်၊ ယော ထောပတ်ပဲဖြူတစ်တင်းလျှင်   ကျပ် ၄၂၀၀၀ ဖြင့် အိတ်၅၀၀ခန့်   နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲတီစိမ်းကြီးပြောင် တစ်တင်းလျှင်ကျပ် ၄၀၉၀၀ ဖြင့် အိတ် ၅၀ ခန့်၊ ဒေသထွက် မန်ကျည်းတောင့်ဈေးများ ယခင် တစ် ပတ်ထက် ဈေးအနည်းငယ် ကျဆင်းနေ ပါတယ်။ ယခင်တစ်ပတ် တွင် မန်ကျည်း တောင့်တစ်ပိဿာလျှင်ကျပ် ၁၀၄၀ ရှိခဲ့ ရာမှ ယခုတစ်ပတ်တွင် မန်ကျည်း တောင့်တစ်ပိ ဿာလျှင်ကျပ် ၈၁၀ ဖြင့် ပိဿာချိန် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)