Main menu

Background

ပခုက္ကူမြို့တွင် ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ အခြေအနေ

Mon, 12/01/2025 - 12:08 -- journal_editor

ပခုက္ကူမြို့တွင် အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်း များမှာ ယခင်တစ်ပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၀ဝ၀ဝ၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၀ဝ၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆိုင်များတွင် လက်ကျန်အခြေအနေ လုံလောက် စွာရှိကြောင်း သိရသည်။
အောက်တိုဘာလ စတုတ္ထပတ်တွင်  အသုံးများသော ဓာတ်မြေသြဇာဈေး နှုန်းများမှာ  ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ တရုတ်တီစူပါ သံကွင်း (၅၀)ါုပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ မြန်မာသြဘာ ရွှေကောမက် (၅၀)kg ပါ တစ်အိတ်လျှင် ကျပ်၁၅၀ဝ၀ဝ၊ သြဘာကွန်ပေါင်း (၅၀)kg ပါ တစ်အိတ် လျှင် ကျပ် ၁၈၅၀ဝ၀၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (၅၀kg)ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ တရုတ်အာမို ၁၆း၁၆း၁၆ (၅၀kg)ပါ တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ၀၊ အာမို ကွန်ပေါင်း (၅၀)ါုပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ဈေးဖြင့် အာမိုမှ ထုတ် လုပ်သော ဓာတ်မြေသြဇာများမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် တစ် ပတ်ထက် ဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။
အောက်တိုဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်း များမှာ အာမိုမက်နီဖော့(၅၀ဝ)CC တစ်ဘူးလျှင် ကျပ် ၆၅၀ဝ၀၊ အာမိုမက်နီဖော့ တစ်လီတာတစ်ဘူးလျှင် ကျပ် ၁၁၆၀ဝ၀၊ မိုစတားတစ်လီတာတစ်ဘူးလျှင်ကျပ် ၆၆၀ဝ၀၊ အာမိုအီမာ (၂၅၀)ခခတစ်ဘူးလျှင် ကျပ် ၁၇၀ဝ၀၊ (၅၀ဝ)CC တစ်ဘူးလျှင် ကျပ် ၃၂၀ဝ၀၊ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၆၀ဝ၀ဝ၊ ဂျက်ကက် မင်းမဟော် (၁၀ဝ)CC တစ်ဘူးလျှင် ကျပ် ၁၆၀ဝ၀၊ သြဘာအဆီဖိတ် (၅၀ဝ)Kg ပါ တစ်ထုပ်လျှင် ကျပ် ၃၁၀ဝ၀၊ သြဘာငှက်ကြီးတောင် (၁၀ဝ)CC တစ်ဘူးလျှင် ကျပ် ၃၅၀ဝ၀၊ သြဘာ ငှက်ကြီးတောင် (၂၅၀)CC တစ်ဘူးလျှင်ကျပ် ၆၀ဝ၀ဝ၊မင်းမဟော်ဖော်ယူဘိုး (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၄၅၀ဝ၀၊ (၂၅၀)ခခ တစ်ဘူးလျှင် ကျပ် ၂၅၀ဝ၀၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)CC တစ်ဘူးလျှင် ကျပ် ၃၆၅၀ဝ၊ (၅၀ဝ)CC တစ်ဘူးလျှင် ကျပ် ၆၁၀ဝ၀  ဈေးနှုန်းအသီးသီးဖြင့် ဒုတိယပတ် ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ယခုအချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေသြဇာများမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

 

စန်းမြင့်ရီ (ပခုက္ကူ)