Main menu

Background

ပခုက္ကူမြို့တွင် ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများအခြေအနေ

Thu, 12/04/2025 - 10:25 -- journal_editor

ပခုက္ကူမြို့တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် အနည်း ငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၉၅၀ဝ၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၁၉၅၀ဝ ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ဆိုင်များတွင် လက်ကျန် အိတ်ရေ ၅၀ဝ၀ ကျော်ရှိပြီး နေ့စဉ် လုံလောက်စွာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ယခုတစ်ပတ်တွင် အသုံးများသော ဓာတ်မြေသြဇာဈေးနှုန်းများမှာ ရွှေနဂါးယူရီးယား တစ်အိတ် လျှင် ကျပ် ၁၀၄၀ဝ၀၊ တရုတ်တီစူပါ သံကွင်း (၅၀)kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊ မြန်မာသြဘာ ရွှေကောမက် (၅၀) Kg ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ သြဘာကွန်ပေါင်း (၅၀)kg ပါ တစ်အိတ် လျှင် ကျပ် ၁၇၅၀ဝ၀၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (၅၀kg)ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ တရုတ်အာမို ၁၆း၁၆း၁၆ (၅၀ါု)ပါ တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ၊ အာမိုကွန်ပေါင်း (၅၀)kg ပါ တစ်အိတ် လျှင် ကျပ် ၁၄၅၀ဝ၀ ဈေးဖြင့် အာမိုမှထုတ်လုပ်သော ဓာတ်မြေ သြဇာများမှာ ပို၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းနှင့် တောင်သူများ လုံလောက် စွာ ဝယ်ယူရရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလစတုတ္ထပတ်၌ ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီဖော့ (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၆၃၀ဝ၀၊ အာမိုမက်နီဖော့ တစ်လီတာတစ်ဘူးလျှင် ကျပ် ၁၁၄၀ဝ၀၊ မိုစတား တစ် လီတာ တစ်ဘူးလျှင် ကျပ် ၆၅၀ဝ၀၊ အာမိုအီမာ (၂၅၀)ခခ တစ်ဘူးလျှင် ကျပ် ၁၅၀ဝ၀၊ (၅၀ဝ)ခခ တစ်ဘူး လျှင် ကျပ် ၃၂၀ဝ၀၊ တစ်လီတာတစ်ဘူးလျှင် ကျပ် ၅၈၀ဝ၀၊ ဂျက်ကက် မင်းမဟော် (၁၀ဝ)CC တစ်ဘူးလျှင် ကျပ် ၁၅၀ဝ၀၊ သြဘာအဆီဖိတ် (၅၀ဝ)Kg ပါ တစ်ထုပ်လျှင်  ကျပ် ၃၀ဝ၀ဝ၊ သြဘာငှက်ကြီးတောင် (၁၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၃၄၀ဝ၀၊ သြဘာငှက်ကြီး တောင်  (၂၅၀)CC တစ်ဘူးလျှင် ကျပ် ၅၉၅၀ဝ၊ မင်းမဟော် ဖော်ယူဘိုး (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၄၄၀ဝ၀၊ (၂၅၀)CC တစ်ဘူးလျှင် ကျပ် ၂၄၀ဝ၀၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)CC တစ်ဘူးလျှင် ကျပ် ၃၆၀ဝ၀၊ (၅၀ဝ)CC တစ်ဘူးလျှင် ကျပ် ၆၀ဝ၀ဝ ဈေးနှုန်း အသီးသီး ဖြင့် ဒုတိယပတ်ထက်  ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ယခုအချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေသြဇာများမှာ ပို၍ အရောင်းအဝယ်ဖြစ်နေပြီး လုံလောက်စွာ ဝင်ရောက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရ သည်။                                                                                                                    

 

 စန်းမြင့်ရီ (ပခုက္ကူ)