Main menu

Background

ရာသီဥတုပြောင်းလဲမှုဂယက်နဲ့ ဒီရေတောခံတပ်များ

Wed, 06/17/2015 - 21:24 -- journal_editor

ကမ္ဘာ့မျက်နှာပြင်ကိုကြည့်မယ်ဆိုရင် အဓိကအားဖြင့်ကုန်းမြေ ဧရိယာနဲ့ရေပြင်ဧရိယာဆိုပြီး နှစ်မျိုးရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဧရိယာနှစ်ခုအနက် ရေပြင်ဧရိယာမှာ  အကျယ်ဆုံးဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာပြီဟု  လူပြောသူပြောများနေတဲ့  ယခုလိုကာလ မျိုးမှာ ပူလွယ်အေးလွယ်ပြီး ကမ္ဘာ့ရာသီဥတုကို ပြုပြင်ပြောင်းလဲရာ မှာ ပင်လယ်သမုဒ္ဒရာရေပြင်ရဲ့ ရာသီဥတုအပေါ်အကျိုးသက်ရောက် မှုကလည်းအရေးပါလာပါတယ်။ ပင်လယ်ရေပြင်ရဲ့ ပြုပြင်ပြောင်းလဲ မှုများအကျိုးဆက်များပြင်းထန်ဆိုးဝါးမှုမရှိအောင် ခုခံကာကွယ်ရာ တွင် ဒီရေလမုတောများက အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက် ရှိတာကို တွေ့ရပါတယ်။
ဒီရေတောများပေါက်ရောက်ရှင်သန်ရာနေရာမှာ ပင်လယ် သမုဒ္ဒရာ၊ ရေချိုနဲ့ ကုန်းမြေတို့တွေ့ဆုံနေရာဖြစ်ပါတယ်။ ဒီရေတော မှာ ပေါက်ရောက်တဲ့သစ်ပင်တွေဟာ သာမန်သစ်ပင်များ လွယ်ကူလျင်မြန်စွာသေကျေပျက်စီးနိုင်တဲ့ သဘာ၀ ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ဖွားပြီး ကမ္ဘာပေါ်တွင်အလွန်ရှုပ်ထွေး တဲ့ ဂေဟစနစ် တစ်မျိုးကို ဖန်တီးနိုင်စွမ်းရှိတဲ့ သစ်ပင်မျိုးဖြစ်ပါတယ်။ ဒီရေတော တွေက အပူပိုင်းဒေသနဲ့တစ်ဝက်တစ်ပျက်အပူပိုင်းဒေသတွင် တွေ့ရပြီး အီကွေတာနဲ့နီးကပ်တဲ့ဒေသတွေမှာ ရှင်သန်ပေါက်ဖွား ပါတယ်။ ဒီရေတောတွေပေါက်ရောက်တဲ့ဒေသတွေက ပင်လယ် ရေငန်တွေဝင်ရောက်လေ့ရှိတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာ ဒီရေတောတွေဖြန့်ကျက်ရှင်သန်နေတဲ့ ဧရိယာက ဟက်တာ ၁၅ ဒသမ ၂ သန်းရှိပြီး လျင်မြန်စွာကျဆင်းလျက် ရှိနေတာကိုတွေ့ရပါတယ်။ ဒီအဖြစ်အပျက်တွေကို အဓိကအားဖြင့် အာဖရိက၊ သြစတြေးလျ၊ အာရှနဲ့အမေရိကဒေသတွေမှာ တွေ့ရပါ တယ်။
ပင်လယ်ကမ်းခြေဒေသတွေမှာရှိတဲ့ ဒီရေတောတွေဟာ  အင်အားပြင်း မုန်တိုင်းတွေရဲ့တိုက်ခတ်မှုဒဏ်၊ ဆူနာမီကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းပုတ်မှုအန္တရာယ်တွေကနေ ကာကွယ်မှုပေးတဲ့ အတွက် ဒေသခံပြည်သူတွေအတွက် လုံခြုံစိတ်ချရမှုကို ဖြစ်ပေါ်စေ ပါတယ်။ အထူးသဖြင့် အဲဒီဒေသမှာရှိတဲ့ ဆင်းရဲသားတွေအတွက် အစားအစာနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင်များပြားလှတဲ့ သက်ရှိတိရစ္ဆာန်မျိုးစိတ်တွေ နေထိုင်ကျက် စားရာဒေသတစ်ခုဖြစ်သလို အထူးသဖြင့် စီးပွားဖြစ်အကျိုးပြု နိုင်တဲ့ ငါးမျိုးစိတ်တွေ တည်ရှိရာဒေသလည်းဖြစ်ပါတယ်။
ပြဿနာများ
    လက်တင်အမေရိက၊ အာဖရိကနဲ့ အာရှဒေသရှိ ဒီရေတော အတော်များများက ဆုတ်ယုတ်ယိုယွင်းနေတာရှိသလို တချို့နေရာ တွေမှာ လုံးဝပျက်စီးလျက်ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အာရှဒေသရှိပုစွန်မွေးမြူရေးလုပ်ငန်းတွေကြောင့် ဒီရေတောတွေ ရှိတဲ့   ကမ်းခြေနဲ့   ပင်လယ်သမုဒ္ဒရာဝန်းကျင်မှာရှိတဲ့ သန္တာကျောက် တန်းတွေကို   ပျက်စီးစေပါတယ်။   မြို့ပြဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပင်လယ်ကမ်းခြေသစ်တောများမှာ သစ်များကိုအလွန် အကျွံခုတ်ထွင်မှုနဲ့ ရေပြင်မှာဖောက်ခွဲပြီး ငါးရှာဖွေမှုစတာတွေ ကြောင့်လည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားစေပါတယ်။
ဒီရေတောများ၏ အကျိုးပြုမှုများ
    ဒီရေတောတွေက မုန်တိုင်းနဲ့ ပင်လယ်ရေလွှမ်းမိုးမှုတို့လို ရာသီ ဥတုပြင်းထန် ဆိုးဝါးမှုအန္တရာယ်တွေကို ကာကွယ်ပေးပါတယ်။ ဒါ့ အပြင် ရာသီဥတုပြင်းထန်မှုကြောင့်ဖြစ်ရတဲ့ ပင်လယ်ရေမြင့်တက် မှုတွေကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။ ဒီရေတော သုည ဒသမ ၁ ဟက်တာမှာအမြင့်ပေမီတာ ၁၀၀ အမြင့်ရှိတဲ့ ပင်လယ်လမု ပင် ၃၀ ရှိရင် ဆူနာမီဖျက်ဆီးမှုဒဏ်ရဲ့  ၉၀ ရာခိုင်နှုန်းကို လျှော့ချပေး နိုင်ပါတယ်။
ဇီဝမျိုးကွဲများ ရှင်သန်မှု
    သက်ရှိနဲ့သစ်ပင်မျိုးစိတ်များ ရှင်သန်ပေါက်ဖွားစေနိုင်တဲ့                ဒေသတစ်ခုကိုဖန်တီးပေးနိုင်တဲ့အတွက် လမုတောတွေမှာ ဇီဝမျိုးကွဲ တွေကြွယ်ဝစွာဖြစ်ထွန်းတည်ရှိနေပါတယ်။ လမုပင်တွေရဲ့ အမြစ် တွေ၊ အရွက်တွေက ပလင့်တန်  (Plankton)  ခေါ်မျောလေးများ၊ ရေမှော်၊ ငါးနဲ့ ပုစွန်တို့အတွက် အစားအစာတွေကို ပေးပါတယ်။ အပူ ပိုင်းဒေသမှာ စီးပွားဖြစ်ဖမ်းဆီးနေတဲ့ ငါးအများစုက မွေးဖွားပြီး အရွယ်ရောက်တဲ့အထိ ဒီရေတောတွေထဲမှာ ပေါက်ဖွားရှင်သန်ခဲ့ကြ တာဖြစ်ပါတယ်။ ဒီရေတောတွေက ငှက်တွေနဲ့ တောင်အာရှဒေသ ရှိ လမုတောနေမျောက်တွေလို နို့တိုက်သတ္တဝါတွေကျင်လည်ကျက်စား ရာဒေသဖြစ်ပါတယ်။
လူသားတို့နေထိုင်စားသောက်ရေး
    ဒီရေတောဒေသများရှိ သမားရိုးကျ အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းများတွင် ငါးဖမ်းလုပ်ငန်း၊ အခွံမာရေနေသတ္တဝါ များစုဆောင်းခြင်းစတဲ့လုပ်ငန်းတွေကအစပြုပြီး သစ်ထုတ်လုပ်မှု၊                ဆိုးဆေးပြုလုပ်တဲ့သစ်ခေါက်များထုတ်လုပ်ခြင်းစတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။  ဒီရေတောများကိုအမှီပြုပြီး ဆောင်ရွက်တဲ့စီးပွားရေး လုပ်ငန်းတွေရဲ့နှစ်စဉ်ဝင်ငွေက တစ်ဟက်တာကို အမေရိကန်ဒေါ် လာ ၁၂၃၉၂ ဒေါ်လာနှုန်းရှိပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းတွေထဲမှာ သစ်၊ သစ်မဟုတ်တဲ့ ထုတ်ကုန်တွေ၊ ငါးဖမ်းလုပ်ငန်း၊ သစ်ပင်ပျိုး ထောင်မှုနဲ့ ကမ်းခြေဒေသများအား မုန်တိုင်းဒဏ်မှ ကာကွယ်ရေး ဆိုတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။
    စီးပွားရေးအရ ရရှိနိုင်တဲ့တန်ဖိုးအပြင် လမုတောတွေက ဒေသ နေပြည်သူတို့အတွက် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားချက်အခြေအနေ တွေကိုပေါ်ထွန်းလာစေပါတယ်။ ဒီအထဲမှာ တောင်အမေရိကတိုက် မှာပြုလုပ်တဲ့ ခရုစုဆောင်းရေးပွဲတော် (Concheras) မျိုးတွေလည်းပါ ဝင်ပါတယ်။
ကာဗွန်ဓာတ်ထိန်းသိမ်းမှု
    သက်ရှိဇီဝဒြပ်ထုများက ကာဗွန်များကိုထိန်းသိမ်းမှုနဲ့ အနယ် ကျကျောက်များတွင် ကာဗွန်များကို စုစည်းထားခြင်းစသည်တို့ဖြင့် ဒီရေတောများမှာ ကာဗွန်ဓာတ်ကိုထိန်းသိမ်းထားနိုင်ပါတယ်။
ဒီရေတောကာကွယ်ရေး
    ဒီရေတောအဖြစ် ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ လမုပင်တွေက ကမ်းရိုး တန်း ဒေသတွေအတွက် အရေးပါတဲ့တောတွေဖြစ်ပါတယ်။ ပင်လယ် မြစ်ဝဒေသတွေမှာ လူနေထူထပ်လာတာနဲ့အမျှ ဂေဟဗေဒ ဆိုင်ရာ မညီမျှမှုတွေကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပွားနိုင် ပါတယ်။ ဒီဒေသတွေတည်ငြိမ်ရေးအတွက် ဒီရေတော တွေက အရေးပါတဲ့ ကဏ္ဍကပါဝင်ပါတယ်။ ဒီရေတောလမုပင်တွေမှ သစ် တောထွက်ပစ္စည်းတွေမရရှိတဲ့တိုင်အောင် ]]ပင်လယ်ကမ်းခြေ ဒေသ ကာကွယ်သူ}} အဖြစ်ဆောင်ရွက်နေခြင်းကပင်လျှင် နှစ်သက်စရာ ကောင်းနေပါတယ်။
    လမုတောတွေက မြေပြင်နဲ့ပင်လယ်ပြင်ဒေသကို ကြားခံအဖြစ် ဆောင်ရွက်ပေးပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကမ်းရိုးတန်း ဒေသတွေဟာ ရေတိုက်စားခံရခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့် တက်မှုရဲ့ ခြိမ်းခြောက်မှုကိုခံနေရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှု ကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ကမ်းရိုးတန်း ဒေသတွေမှာ ရေတိုက်စားမှုများ ဖြစ်ပေါ်လာခြင်းစတဲ့ ခြိမ်းခြောက် မှုတွေကို ခံစားနေရပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေကို ဒီရေတော တွေက အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရေပြင်ကကုန်းမြေကိုဝိုင်းတော့မယ့် အလားအလာတွေ  ရှိနေတဲ့ အတွက် ဒီအခြေအနေက တစ်မူထူးခြားတဲ့ အသွင်သဏ္ဍာန်တစ်ခု ဖြစ်ပါတယ်။
    ဒီရေတောတွေနဲ့ ပင်လယ်မြစ်ဝတွေက သမုဒ္ဒရာသက်ရှိ              အများအပြားအတွက် မွေးဖွားကြီးပြင်းရာဒေသဖြစ်ပြီး ဒီသက်ရှိတွေ ထဲမှာ စီးပွားရေးအရအရေးပါတဲ့ ပုစွန်၊ ဂဏန်းနဲ့ငါးမျိုးစိတ်တွေပါ ဝင်ပါတယ်။ သို့ဖြစ်ရာ ဒီရေတောတွေ ဆုံးရှုံးမှုကသွယ်ဝိုက်တဲ့ ငါးဖမ်းလုပ်ငန်းအပါအဝင် တခြားသောထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။
    လမုပင်တွေကို အိမ်ဆောက်ဖို့၊ ပရိဘောဂပြုလုပ်ဖို့နဲ့ တယ်လီ ဖုန်းတိုင်အဖြစ်သုံးဖို့အပြင် တချို့အိမ်သုံးပစ္စည်းတွေအတွက်သုံးဖို့ ခုတ်ထွင်သုံးစွဲပါတယ်။ ဒီလုပ်ငန်းတွေကို စနစ်တကျ   စီမံဆောင် ရွက်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကို   ထိန်းသိမ်းပြီး စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းကို အထောက်အကူရစေမှာ ဖြစ်ပါတယ်။ ကတ်ချ်ပင်လယ်ကွေ့ဒေသအပါအဝင်ကမ်းခြေဒေသအတော်များ များမှာ ဒီရေတောတွေကနေ တိရစ္ဆာန်တွေကို စီးပွားဖြစ် ဖမ်းယူလျက် ရှိနေပါတယ်။
    တချို့ဒီရေတောသစ်ပင်အမျိုးအစားတွေကနေ ဆိုးဆေး အတွက်အသုံးပြုတဲ့ သစ်ခေါက်ရည်ကိုထုတ်လုပ်နိုင်ပါတယ်။ အိန္ဒိယ နိုင်ငံရှိလမုပင်တွေကထွက်ရှိတဲ့ အခေါက်တွေမှာ ဆိုးဆေးထုတ်ရာ မှာအသုံးပြုတဲ့အစေး ၃၅ ရာခိုင်နှုန်းပါဝင်တဲ့ အတွက်တခြားဒေသက အခေါက်တွေထက် အစေးပါဝင်မှုနှုန်းပိုမိုများပြားပါတယ်။ လမုပင် ကထွက်တဲ့ ဆိုးဆေးကိုအသုံးပြုရင် ငါးဖမ်းပိုက်တွေရဲ့ သက်တမ်း ပိုမိုရှည်တာကို တွေ့ရပါတယ်။
    ဟိုးရှေးခေတ်ကတည်းက လမုပင်တွေကို ထင်းအဖြစ်အသုံးပြုခဲ့ ပါတယ်။Rhizophora, Kantelia, Ceripos နဲ့  Bruguiera  စတဲ့မျိုးစိတ် တွေကထင်းအတွက်အသုံးပြုလို့ကောင်းတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ တချို့မျိုးစိတ်တွေက အိမ်ဆောက်ရာ၊ အုတ်ဖုတ်ရာမှာအသုံးဝင်ပါ တယ်။ အိန္ဒိယနိုင်ငံရဲ့ ဒီရေတောမှ ပျားရည်စုဆောင်းတဲ့အလုပ် ကလည်းအလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယဆန်ဒေါ့ဘန် ဒီရေတောတစ်ခုတည်းက နှစ်စဉ်စုဆောင်း ရရှိ တဲ့ ပျားရည်က ၁၁၁ တန်ရှိပါတယ်။ ွ Gynometra နဲ့ ဗAegialitis သစ် တောတွေရတဲ့ ပျားရည်ဆိုရင် ဈေးကွက်ကောင်းပြီး ဝယ်လိုအားများ ပါတယ်။
    တချို့ဒီရေတောအမျိုးအစားတွေက လူနဲ့တိရစ္ဆာန်တွေ အတွက် အသုံးဝင်ပါတယ်။ ဓနိတောတွေကရတဲ့ ဓနိရည်က သောက်သုံးလို့ ရပါတယ်။ ဓနိရွက်တွေကို အိမ်မိုးသက်ငယ်အဖြစ်သုံးလို့ ရပါတယ်။
    နှစ်ဆယ်ရာစုအလယ်ပိုင်းလောက်ကတည်းက ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ဒီရေတောထက်ဝက်လောက် ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၈၀ ပြည့် နှစ်နောက်ပိုင်းဆုံးရှုံးမှုကပင်လျှင် ငါးပုံတစ်ပုံလောက်ရှိနေပါတယ်။ စုစုပေါင်းပျက်စီးဆုံးရှုံးမှုရဲ့ ၂၅ ရာခိုင်နှုန်းက ပုစွန်မွေးကန်တွေအဖြစ် ပြောင်းလဲလို့ဖြစ်ပွားရပြီး၊ အရှေ့တောင်အာရှနဲ့ လက်တင်အမေရိက မှာအဖြစ်များပါတယ်။ တခြားအကြောင်းတရားတွေထဲမှာ ထင်း အဖြစ်ထုတ်ယူမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ စက်မှုဖွံ့ဖြိုးမှုတွေကြောင့်  ဖြစ်ပါတယ်။
    ယိုယွင်းပျက်စီးလာစပြုနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပေးနိုင်ဖို့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဒီရေတောတွေ ကို ထိန်းသိမ်းနိုင်ဖို့     ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်နေပြီဖြစ်ပါ ကြောင်း။