Main menu

Background

လူတို့၏ ကျန်းမာရေးအတွက် ပြီးပြည့်စုံတဲ့အုန်းရည်

Wed, 07/15/2015 - 20:57 -- journal_editor

အုန်းရည်ဟာ လူတို့ရဲ့ကျန်းမာရေး အတွက် ဆန်းကျယ်စွာ အထောက်အကူ ပြုတယ်လို့ပြောနေကြပါတယ်။အုန်းရည်နဲ့  လူ့ခန္ဓာကိုယ်ထဲ ရှိ သွေးရည်ကြည်ဟာ  အတော်လေးဆင် တူပါတယ်။ ရှေးယခင်တုန်းက အုန်းရည် ကို သွေးအစားထိုးအဖြစ် အသုံးပြုခဲ့ကြ ပြီး လူတွေရဲ့ အသက်ပေါင်းများစွာ ရှင် သန်စေရေး ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ အုန်းရည်ရဲ့ အရသာဟာ သိပ်ကောင်း မွန်ခြင်းမရှိသော်လည်း အဆိပ်အတောက် များကို ဖယ်ရှားခြင်း/လျှော့ချခြင်းစတဲ့detoxification  အာနိသင်ရှိတဲ့အပြင် မေးခွန်းထုတ်စရာမလိုတဲ့ အခြား ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါတယ်။
အုန်းရည်ဟာ ဆီးလမ်းကြောင်းမှာ ရှိတဲ့  ဘက်တီးရီးယားတွေ၊ ဆီးလမ်း ကြောင်းကို ဝင်ရောက်လာမယ့် ရောဂါပိုး တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိသလို ဆီးပိုး ဝင်ခြင်းကြောင့် ရောဂါဖြစ်ပွားမှုကို ခံနိုင် ရည်ရှိစေပါတယ်။ ဒါ့အပြင် ဂနိုရောဂါ   (gonorrhea)၊   သွားဖုံးရောဂါများ၊  အအေးမိနှာစေးချောင်းဆိုးခြင်းနဲ့ အူ ရောင်ငန်းဖျား ရောဂါများကိုလည်း ဟန့် တားနိုင်စွမ်းရှိပါတယ်။  
အုန်းရည်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံနိုင်အားကို တိုးမြှင့်ပေး ပြီး သိုင်းရွိုက်ဂလင်းများမှလည်း ဟော် မုန်းများ အများအပြား ထုတ်လုပ်ပေးနိုင် ပါတယ်။ အုန်းရည်ဟာ  ကျောက်ကပ် ဝေဒနာခံစားရသူများအတွက် အလွယ် တကူ ဆီးသွားနိုင်တဲ့ သဘာဝဓာတ်စာ တစ်မျိုးဖြစ်ပါတယ်။   ဒ့ါပြင် ဆီးလမ်း ကြောင်းနဲ့    ဆီးအိမ်အတွင်းမှာရှိတဲ့  အကြောလေးများ  သန့်ရှင်းရေးအတွက် လည်း များစွာအထောက်အကူပြုပါတယ်။ ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်း များရှိ  အဆိပ်အတောက်များကို ဖယ် ထုတ်ပေးနိုင်ပြီး ကျောက်များကိုလည်း ကြေစေနိုင်စွမ်းရှိပါတယ်။ အုန်းရည်မှာ အစာချေလုပ်ငန်းစဉ်အတွက် ကောင်း မွန်စေတဲ့ အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အတွက် မှန်မှန်သောက်သုံးပေးခြင်းဖြင့် အစာအိမ်မှထွက်ရှိလာတဲ့ အက်စစ်ဓာတ် များကို ဖယ်ရှားနိုင်ပါတယ်။ အုန်းရည် ဟာ အစာစားချင်စိတ်ကို လျှော့ချပေးပြီး ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးစွမ်း လည်းရှိပါတယ်။
အုန်းရည်ဟာ သွေးထဲမှelectro- lytes များကို ဟန်ချက်ညီအောင် ထိန်း ပေးပြီး သွေးတိုးခြင်း/ သွေးကျခြင်းများ မဖြစ်စေရန် ထိန်းညှိပေးပါတယ်။ အရက် အလွန်အကျွံ သောက်သုံးသူများလည်း နောက်နေ့ နံနက်မှာ အုန်းရည်သောက် သုံးပေးခြင်းဖြင့် အရက်နာကျမှုကို သက် သာစေနိုင်ပါတယ်။
အသားအရည် စိုပြေဝင်းပလိုသူ တွေ၊ ကိုယ်ကာယပိုင်းလှုပ်ရှားမှုများပြားလို့    မောပန်းနွမ်းနယ်နေသူတွေဟာ အုန်းရည်ကို နေ့စဉ်သောက်သုံးပေးသင့် ပါတယ်။  အုန်းရည်ဟာ လူတို့ရဲ့ ကျန်းမာ ရေးကို အထောက်အကူပြုရာမှာများပြား လွန်းတဲ့အတွက် သဘာဝကပေးတဲ့ လူတို့ အတွက်ထာဝရကျန်းမာရေးလက်ဆောင် ဖြစ်တယ်လို့ ပြောရမှာပါ။     

        ရှင်ပါဂူ