Main menu

Background

ကုန်အညွှန်းအမှတ်အသားဆိုင်ရာ တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့

Wed, 12/16/2020 - 12:40 -- journal_editor

ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနရုံးခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွှဲ  (၁၄းဝ၀)နာရီ အချိန်တွင် စီးပွားရေးလုပ်ငန်းရှင်(ဆေးဆိုင်များ) ၂၂ ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း (၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ COVID-19 ဆိုင်ရာကျန်းမာရေးသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ပြုလုပ်ပါက အရေးကြီးကုန်စည်ပုဒ်မ(၅)အရ အရေးယူမည်ဖြစ်ကြောင်းတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခြင်းအား ကျန်းမာရေးဌာနများမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 အောင်မျိုးထက်(ဗန်းမော်)