Main menu

Background

ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

Wed, 12/16/2020 - 14:37 -- journal_editor

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ Very Good ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား စားသုံးသူကာကွယ်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော Covid-19  လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကို ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊စားသုံးသူအခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း ထည့်သွင်း၍ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

ခွာညို (မနောမြေ)