Main menu

Background

ကုန်သွယ်မှုဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်မည်

Mon, 02/13/2023 - 12:47 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိ ပညာ၊ ဗဟုသုတများ ရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန်Trade Training Institute ကို ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်၍ စာတွေ့/လက်တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးလျက်ရှိသည်။  ယခုအခါ ကုန်သွယ်မှုဆိုင်ရာ ရက်တိုသင်တန်း (အမှတ်စဉ်-၁) Short Course on INCOTERMS and Sales Contract (Batch-1)ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၄ ရက်အထိ ခြောက်ရက်ကြာ ဖွင့်လှစ်ရန်လျာထားကြောင်း သိရသည်။

သင်တန်းတွင် ကုမ္ပဏီတစ်ခုတည်ထောင်သည်မှစ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ကုန်သွယ်မှုသီအိုရီနှင့် သဘောတရားများ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ စံချိန်စံညွှန်းများ၊ ဈေးကွက်သုတေသန၊  နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာမူဝါဒများ အစရှိသည့် ဘာသာရပ်များကို စီးပွားရေးပညာရှင်များ၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနအသီးသီးမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ပို့ချဆွေးနွေးမည်ဖြစ်သည်။

ယခုဖွင့်လှစ်မည့်သင်တန်းတွင် ဦးသိန်းလွင် အထွေထွေမန်နေဂျာ(ငြိမ်း) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  INCOTERMS, Letter of Credit (L/C) နှင့် Main Points of  Sales Contract ဘာသာရပ်များကို ဆွေးနွေးပို့ချ သွားမည်ဖြစ်သည်။

သင်တန်းကို အမှတ်(၂၂၈-၂၄၀) ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး) စတုတ္ထထပ်ရှိ  သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (တနင်္လာနေ့မှ စနေနေ့အထိ) (နံနက် ၉း၃၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီထိ) ၆ရက် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းသားများ လက်ခံနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။                                                   

TTI