Main menu

Background

သင်တန်းတက်ရောက်ခဲ့သူများ၏ရင်တွင်းစကားသံများ

Tue, 04/25/2023 - 15:15 -- journal_editor

အပြည်ပြည်ဆိုင်ရာ   ကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ်(၆)ကို ရန်ကုန်မြို့  ကုန်သွယ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။ သင်တန်းကို ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ထိ  လေးလတာ သင်ကြား ပို့ချခဲ့သည်။ ထိုကဲ့သို့ ဖွင့်လှစ်သင်ကြားခဲ့ရာ၌ သင် တန်းသား၊  သင်တန်းသူ ၇၅ ဦး  တက်ရောက်ခဲ့ သည်။ အဆိုပါ သင်တန်းတက်ရောက်အောင်မြင်ခဲ့ ကြသော     သင်တန်းသား၊  သင်တန်းသူများ၏ ရင်တွင်းစကားသံများကို  စုစည်းဖော်ပြလိုက်ပါ သည်။  သင်တန်းအမှတ်စဉ်(၇)ကိုလည်း မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စိတ်ဝင်စားသူများအနေ ဖြင့်ကြိုတင်ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။   သင်တန်းနှင့်ပတ်သက်၍  အသေး စိတ် သိရှိလိုပါက www.commerce.gov.mm သို့ ဝင်ရောက်လေ့လာနိုင်ကြောင်းလည်း  သိရှိရသည်။ 
"ကျွန်မကတော့TTI Weekend Batch (၆) မှာ တက်ရောက်ခဲ့တဲ့   သင်တန်းသူ မမြတ်နိုးသူ ဖြစ်ပါတယ်။ ကျွန်မကTHAH Company Limite မှာ Customs Broker တစ်ဦးအဖြစ်  အလုပ်လုပ် ကိုင်နေသူဖြစ်ပါတယ်။   THAH Company မှManaging Director ၏  အကြံပေးလမ်းညွှန်ချက် နဲ့ ဒီသင်တန်းကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
သင်တန်းချိန်က စနေ၊ တနင်္ဂနွေ  နှစ်ရက် ဖြစ်သည့်အတွက်ကျွန်မတို့လိုဝန်ထမ်း‌တွေအတွက် အရမ်းကို အဆင်‌‌‌ပြေသွားခဲ့ပါတယ်။ သင်ကြားပေး သော ဆရာ၊  ဆရာမများမှာလည်း  ဌာနဆိုင်ရာ အရာရှိများ၊    ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ပညာရှင်ကြီးများ ကိုယ်တိုင်စိတ်အားထက်သန်စွာ လာရောက်သင်ကြားပေးခြင်းဖြစ်ပါတယ်။ သင် ကြားရေးပိုင်းမှာဆိုရင်လည်း အသေးစိတ် စာတွေ့၊ ကိုယ်တွေ့ စိတ်ရှည်စွာ သင်ကြားပေးခြင်း၊ အမေး အဖြေပုံစံဖြင့် သင်တန်းသား/သူတွေကို အချိန်တို အတွင်းနားလည်သဘောပေါက်စေပါတယ်။ ထုတ် ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်   ကုမ္ပဏီတည် ထောင်ခြင်း၊  မှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ခြင်း၊ ငွေပေးချေမှုနည်းလမ်းများ၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ   မှတ်ပုံတင်ခြင်း၊ အခွန်ဆိုင်ရာ ကိစ္စရပ်များ အစရှိသည့် ကုမ္ပဏီတည်ထောင်ခြင်း မှစပြီး ဈေးကွက်ထဲဖြန့်ဖြူးသည်အထိ သင်ကြား သိရှိခွင့်ရရှိခဲ့ပါတယ်။ 
ဒါ့ပြင်TTI သင်တန်း၏ ဦးဆောင်မှုနှင့်အတူ သီလဝါMITT ဆိပ်ကမ်း၊SEZ  Yangon Stock Exchange  ၊ ဝါးတန်းလမ်း   ကုန်စည်ဒိုင်၊ ဘုရင့် နောင် ကုန်စည်ဒိုင်၊ လှိုင်သာယာစက်မှုဇုန်အတွင်း မှာရှိတဲ့ ဆန်စက်နဲ့ ပဲခွဲစက် အစရှိသည့်‌ နေရာများ ကိုသွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။ထပ်မံ ၍TTI သင်တန်း၏  အားသာချက်များကတော့GROUP  အလိုက်  PAPER  PRESENTATION  များ ပြုလုပ်ပေးသည့်အတွက်  ညှိနှိုင်းဆောင်ရွက် တတ်လာခြင်း၊   မိတ်ဆွေများ   တိုးပွားလာခြင်းနှင့် အတူ မိမိကိုယ်တိုင်လည်း ယုံကြည်မှု  ပိုမိုတိုးတက် လာစေပါတယ်။
ယခုဖွင့်လှစ် သင်ကြားပေးလျက်ရှိတဲ့ TTI သင်တန်းများမှာ အသိပညာ၊အတတ်ပညာ၊အထွေ ထွေဗဟုသုတ၊ ကုန်သွယ်ရေးလုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများ၊LAWများ၊ POLICYများ၊  ပေါင်း သင်း ဆက်ဆံရေးပညာ  အစရှိသည့် အကြောင်း အရာ စုံလင်စွာ သင်ကြားသိရှိနိုင်သော သင်တန်း မျိုးဖြစ်တဲ့အတွက်    နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းခွင်များတွင်လည်း အကျိုးအမြတ် အခွင့် အလမ်း ရရှိနိုင်ခြင်း၊ ကုန်သွယ်မှုအတွက် အတွေ့ အကြုံကောင်းများ  ရရှိသော      သင်တန်းဖြစ်တဲ့ အတွက်ကြောင့် တက်ရောက်ကြပါရန် တိုက်တွန်း အပ်ပါတယ်ရှင်ဓ
]]ကျွန်တော်က  ကျော်ထွန်းသန်းပါ။   လက်ရှိ Company တစ်ခုမှာ      အရောင်းမြှင့်တင်ရေး မန်နေဂျာရာထူးနဲ့ လုပ်ကိုင်နေပါတယ် Inter-national Trade Basic Course ကို ဖွင့်မယ်ဆိုတော့ အတွေ့အကြုံနဲ့ ပညာရရှိအောင်   တက်သင့်တဲ့ သင်တန်းတစ်ခုလို့   ထင်မြင်ပြီး တက်ရောက်ခဲ့ပါ သည်။ တကယ်  တက်ရောက်တဲ့အချိန်မှာလည်း ကုန်သွယ်ရေးနှင့်ပတ်သတ်တဲ့   သင်ကြားရမည့် အကြောင်းအရာ ပညာရပ်များကို သင်ကြားခဲ့ရ တဲ့အပြင် အခြားလိုအပ်သော  ပညာရပ်များကိုပါ သင်ကြားခဲ့ရပါတယ်။
ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့     မသိ နား မလည်ခဲ့တဲ့ အရာအားလုံးကို သင်ကြားပြသပေးခဲ့ တဲ့ ဆရာအားလုံးကို ကျေးဇူးတင်ပါတယ်။TTI မှာ ထည့်သွင်းထားတဲ့ ဘာသာရပ်အားလုံးသည် တက် ရောက်သောသင်တန်းသူ/သင်တန်းသားအားလုံး အတွက် အသုံးဝင်ရုံသာမက   လက်တွေ့လည်း အသုံးဝင်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာ အသုံးဝင် ရုံသာမက သင်တန်းအတူ တက်ရောက်တဲ့ သူငယ် ချင်းများလည်း  တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းကြ တဲ့အပြင်ကိုယ်ပိုင်အသိပညာဗဟုသုတများစွာ ကိုလည်း ဖလှယ်ခွင့်ရရှိတာကြောင့် အကျိုးကျေးဇူး များစွာ ရရှိပါတယ်။Diploma သင်တန်းဖွင့်လှစ်ပါက  သင်တန်း တက်ရောက်ရန် ရည်ရွယ်ထားပါတယ်။ သင်တန်း ပြီးဆုံးအောင်တက်ရောက်ဖို့    တွန်းအားပေးခဲ့တဲ့ ကျွန်တော့်ဆရာ    ဆရာဦးသိန်းမြင့်ဝေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ကျွန်မကတော့TTI Weekend Batch (6) မှာ တက်ရောက်ခဲ့တဲ့သင်တန်းသူ မဆုနဒီမင်းထွန်း ဖြစ်ပါတယ်။ ကျွန်မကLink Distribution Co., Ltd.  မှာ Business Development Manager  အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ ဒီသင်တန်းကို ကုမ္ပဏီ ကLogistic  ကျွမ်းကျင်သူ အစ်မတစ်ဦးက တိုက် တွန်းလို့ တက်ရောက်ဖြစ်ခဲ့ပါတယ်။
သင်တန်းကာလအတွင်း Logistic  တစ်ခု တည်းသာ သင်မယ်လို့   ထင်ခဲ့ပေမယ့် တကယ် တက်ရောက်တဲ့အခါမှာတော့ ကုမ္ပဏီတစ်ခုစတည် ထောင်ရာမှစပြီး     သွင်းကုန်ထုတ်ကုန်လိုင်စင် လျှောက်ခြင်း၊ ငွေပေးချေခြင်း၊ အခွန်ဆိုင်ရာ ပညာ ရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း စဉ်များ၊   ကုန်ပစ္စည်း စတင်ထုတ်လုပ်ရာမှစ၍ တင်ပို့ဖြန့်ချိသည်အထိ   လုပ်ငန်းစဉ်အားလုံးကို စာတွေ့လက်တွေ့ သင်ကြားပေးတဲ့အတွက် ဗဟု သုတများစွာ ရရှိခဲ့ရပါတယ်။ သင်ကြားပေးသော ဆရာ/ဆရာမများမှာလည်း ဌာနဆိုင်ရာ အကြီး အကဲများ၊ ပညာရှင်များက သင်တန်းသူ၊ သင်တန်း သားများ နားလည်သဘောပေါက်သည်အထိ စိတ် အားထက်သန်စွာ သင်ကြားပေးခဲ့ကြပါတယ်။
သင်ကြားပေးရာမှာလည်း  Group Discussion ပုံစံများ၊ Paper Presentationများနဲ့ သင် ကြားပေးတဲ့အတွက်Teamwork Skill  များ၊ တစ် ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆောင်ရွက်တတ် သော စိတ်ဓာတ်များ ပိုမိုတိုးတက်စေခဲ့ပါတယ်။
ဒါ့ပြင်   ကိုယ်တိုင်သွားရောက်လေ့လာရန် ခက်ခဲတဲ့MITT SEZ  သီလဝါအထူးစီးပွားရေးဇုန်၊Yangon Stock Exchange၊ ဝါးတန်းလမ်းကုန်စည် ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ လှိုင်သာယာ စက်မှု ဇုန်အတွင်းရှိ ဆန်စက်နဲ့ပဲခွဲစက်များ  အစရှိသည့် နေရာများကိုသင်တန်းရဲ့ဦးဆောင်မှုနဲ့ သွားရောက် လေ့လာခွင့် ရရှိခဲ့ ပါတယ်။
အချုပ်အားဖြင့်  ယခုဖွင့်လှစ်သင်ကြားပေးလျက်ရှိသော TTI  သင်တန်းမှာ ကုန်သွယ်မှုဆိုင်ရာ ပညာရပ်များသာမက အခွန်ဆိုင်ရာ ပညာရပ်များ၊ သွင်းကုန်ထုတ်ကုန်ဆိုင်ရာ    ပညာရပ်များ၊ ကုန် ပစ္စည်းထုတ်လုပ်ဖြန့်ချိမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ပညာရပ်များ၊ အစားအသောက်နှင့် ဆေးဝါးဆိုင် ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ၊ အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်မှု  လုပ်ငန်းစဉ်များကို အသေးစိတ် သင်ကြားပေးတဲ့အတွက် အသိပညာ များစွာ  တိုးပွားစေတဲ့အပြင်Group Presentation  များ၊ Presentation မျာ း ပြုလုပ်ရတဲ့အတွက် ပေါင်း သင်းဆက်ဆံမှု၊     ညှိနှိုင်းဆောင်ရွက်တတ်သော စိတ်ဓာတ်နဲ့ မိတ်ဆွေသူငယ်ချင်းများလည်း ပိုမို ရရှိစေပါတယ်။ ဒါကြောင့် အားလုံးကိုလည်း အသိ ပညာတိုးပွားစေလိုတဲ့      ဆန္ဒနဲ့တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်"

သိန်းမြင့်ဝေ