Main menu

Background

စလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မေမြို့ပန်းစိုက်ခြင်းဖြင့် အပိုဝင်ငွေရရှိ

Tue, 04/25/2023 - 11:16 -- journal_editor

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ရှိ အောက်လှိုင်းကျေးရွာနှင့်  ငါးလင်ဗန်းကျေးရွာများမှ တောင်သူများသည်  မြေအောက်ရေများ အသုံးပြု၍ မေမြို့ပန်းများ စိုက်ပျိုးရောင်း ချလျက်ရှိရာ ယခုနှစ်တွင်အပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
မေမြို့ပန်းစိုက်ပျိုးရာတွင် ယခင်နှစ်က ချန်ထားသော မျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ တန်ဆောင်မုန်းလတွင် စိုက်ပျိုးကြပြီး အပင်သက်တမ်း သုံးလခန့်ရှိလျှင် ဈေး ကွက်တွင် ရောင်းချနိုင်ကြောင်း၊ ဆောင်းရာသီတွင် စိုက်ပျိုးလျှင် အပင်များ ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်ကို ဘောင်ဖော်၍စိုက်ပျိုးရပြီး ရေဝပ်ခြင်းကိုမကြိုက်ကြောင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းထိုးခြင်း၊  ခေါင်နှိမ်ခြင်းများလည်း ပြုလုပ်ပေးရကြောင်း၊ အပင်အား မြေသြဇာ ကျွေး၍ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊  သို့မှသာ အပင်ပိုးမကျဘဲ  ရောင်းပန်းလှကြောင်း၊ အပင်ရေ  ၂၀ဝ ခန့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ မေမြို့ပန်း အမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း သိရသည်။
မေမြို့ပန်း လက်ဆုပ်တစ်စည်းလျှင် ၁၀ဝ၀ ကျပ်ခန့်ထိ ဈေးကောင်းရရှိပြီး ဝယ်လိုအားပေါ် မူတည်၍ တစ်ခါခူးဆွတ် လျှင် အစည်းရေ ၅၀ မှ  ၁၀ဝ ခန့်ထိ   ခူးဆွတ်ရောင်းချကြ ကြောင်း၊    စလင်းမြို့နယ်ထွက်  မေမြို့ပန်းများကို  ပွင့်ဖြူ၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့များသို့ တင်ပို့ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရ သည်။
သင်းသင်းစိုး(မကွေး)