Main menu

Background

ပရိသတ်က အားပေးနေတဲ့ အချိန်အထိ ဆက်လုပ်သွားမဲ့ ပုလဲဝင်း

Wed, 02/03/2010 - 06:07 -- Anonymous (not verified)

   အသည်းကွဲ Happy New Year  ဗီဒီယိုခွေရိုက်ကူးနေတဲ့ သရုပ်ဆောင် ပုလဲဝင်းနဲ့တွေ့ဆုံခိုက်မှာ သူ့ရဲ့လတ်တလောလှုပ်ရှားမှု လေးတွေကို မေးမြန်းခဲ့ ရာမှာ- သြင်္ကန်မတိုင်ခင် ဘန်ကောက်ကို shopping ထွက်ဖို့ရှိတယ်၊ သြင်္ကန် အတွက် လိုတာလေးတွေဝယ်ဖို့ပါပဲ၊ ပုလဲက အခုတလော အသစ်တွေနဲ့ ရိုက်တာများသွားတယ်၊ အသစ်တွေက အရှိန်ယူနေဆဲဆိုတော့ မထွက်သေးတဲ့ အခွေတွေများနေတယ်၊ ပုလဲက အချိန် တိုလေးနဲ့ကြိုးစားခဲ့ရတာ မဟုတ်ဘူး၊ နှစ်ပေါင်းများစွာကြိုးစားခဲ့တာပါ၊ ပရိသတ်က အားပေးနေတဲ့အချိန်အထိ ဆက်ပြီးကြိုးစား သရုပ် ဆောင်နေမှာပါ။