Main menu

Background

ပုဂ္ဂလိက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်တပ်ဆင်ရေးများ ဝန်ဆောင်မှုပေးနေ

Wed, 02/24/2010 - 10:12 -- Anonymous (not verified)

    ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာနခွဲ-၂ (PTAC-2) မှ ပုဂ္ဂလိက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆန်စပါးနှင့် ပဲမျိုးစုံ ကြိတ်ခွဲထုတ်လုပ်ရေးအတွက် စက်ယူနစ်များဆိုင်ရာ အောက်ပါလုပ်ငန်းများကို ဝန်ဆောင်မှုပေး ပံ့ပိုးကူညီလျက်ရှိပါသည်-(က) စက်များဒီဇိုင်းရေးဆွဲ ခန့်မှန်းစရိတ် တွက်ချက်ပေးခြင်း။(ခ) စက်ယူနစ်များ ထုတ်လုပ်ပေးခြင်း။(ဂ) စက်များ တပ်ဆင်စမ်းသပ်လည်ပတ်ပေးခြင်း။(ဃ) စက်များ အကြီးစားပြင်ဆင်မွမ်းမံပေးခြင်း။    PTAC-2 မှ ဒီဇိုင်းရေးဆွဲ၍ တစ်ရက်တန် ၁၅၀ ကျ ဆန်ပြန်လည်သန့်စင် ရောနှောစက်အား ဦးခင်ဇော် (ဒါရိုက်တာအဖွဲ့ဝင်၊ Gold Delta) အတွက် ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်တွင် နည်းပညာပံ့ပိုးကူညီပေး ဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးပြီး စမ်းသပ်လည်ပတ်တော့မည် ဖြစ်ပါသည်။     အဖွဲ့အစည်းများ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆန်စက်နှင့် ပဲမျိုးစုံကြိတ်ခွဲထုတ်လုပ်ရေးလုပ်ငန်းများ အပ်နှံဆောင်ရွက်လိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-ဆက်သွယ်ရန်လိပ်စာ-    ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနခွဲ (၂)၊ အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်းနံပါတ်၊ ၀၁-၂၉၂၇၀၉၊ ၂၉၂၅၄၈ နေပြည်တော်၊ ၀၆၇-၄၀၈၀၁၉