Main menu

Background

ပုစွန်ကုန်ချောထုတ်သည့် စက်ရုံများ ငါးကိုသာအားထားနေရ

Tue, 02/23/2010 - 10:08 -- Anonymous (not verified)

ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့် ရေချို၊ ရေငန် ပုစွန် ကုန်ချောထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ပုစွန်ကုန်ကြမ်း ရရှိမှု နည်းပါးခြင်းကြောင့် ငါးကိုသာ အားထားနေရကြောင်း အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာဆွေးနွေးပွဲမ ှသိရသည်။''ပုစွန်က ရာသီချိန်မဟုတ်တာရယ်၊ ပင်လယ်ပြင် ဖမ်း ဆီးရရှိမှုက လျော့ကျတာရယ်၊ ဆိပ်ခံတွေ ပြင်ဆင်နေတာ ကြောင့် ရပ်ထားရလို့ ပုစွန်ရရှိမှုနည်းပါးလာတဲ့အတွက် စက် စွမ်းအားပြည့် မလည်နိုင်ပါဘူး။ ပုစွန်ထုတ်လုပ်တဲ့ စက်ရုံတွေ အနေနဲ့ မွေးမြူရေးငါးဖြစ်တဲ့ ငါးမြစ်ချင်းကို အားကိုးနေရတဲ့ အနေအထား ဖြစ်လာပါတယ်။ သား၊ ငါး၊ ပုစွန်ပေါများဖို့က သားပေါက်ချိန်မှာ ဖမ်းဆီးတာတွေရပ်ဖို့ လိုပါတယ်။၂၀၀၈ ခုနှစ်တုန်းက ငါး၊ ပုစွန် သားပေါက်ချိန်မှာ နာဂစ်ဖြစ်လိုက် တော့ ငါး၊ ပုစွန်တွေ မဖမ်းဆီးနိုင်တော့ဘူး။ ပြန်လည်ဖမ်းဆီး ချိန်မှာ ငါး၊ ပုစွန်တွေ အထိအမိ ကောင်းတာတွေ့ရတယ်''ဟု အီးယူတင်ပို့ခွင့်ရ ပုစွန်ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောပြသည်။     ခင်မျိုးသွယ်