Main menu

Background

ပုလဲမြို့သစ်တွင် ဆေးရုံတစ်ရုံ တည်ဆောက်မည်

Thu, 02/18/2010 - 04:55 -- Anonymous (not verified)

    မင်္ဂလာဒုံမြို့နယ်က  ပုလဲမြို့သစ်မှာ ဆေးရုံတစ်ရုံ ဆောက်ဖို့ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောကြားသည်။    အဆိုပါဆေးရုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာနမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ် ကြောင်း သိရသည်။    မြို့တော်ဝန်က `ပုလဲမြို့သစ်က ဆေးရုံကို ရှေ့အပတ်မှာစပြီး ပန္နက်ရိုက်မယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ဆောက်ထားတဲ့ ဆေးရုံတွေအတိုင်း အဆင့်မီဆောက်မယ်၊ (၂၅)  ကုတင်ဆံ့ ဆေးရုံတစ်ရုံအဖြစ်ဆောက်မယ်` ဟု ပြောကြားသည်။   ယင်းဆေးရုံတည်ဆောက်ရန် ခန့်မှန်းကုန်ကျစရိတ်ငွေကျပ် သိန်းတစ်ထောင်ခန့်ဖြစ်ပြီး ပုလဲမြို့သစ်ရှိ ပြည်သူများနှင့် အနီးအနား ရှိပြည်သူများ ကျန်းမာရေးအတွက် အဝေးသို့သွားရောက်ပြသရန်မလိုဘဲ လွယ်ကူစွာကုသနိုင်ရန် ဖြစ်ကြောင်း သိရသည်။