Main menu

Background

ပုံစံဒီဇိုင်းလှပတဲ့ Samsung Laser Printer

Fri, 02/05/2010 - 13:34 -- Anonymous (not verified)

    အဖြူအမည်းတစ်မျိုးတည်းပဲ ပရင့်လုပ်ပေးနိုင်တဲ့ ပရင်တာပါ။ ကျစ်လစ်လှပတဲ့ဒီဇိုင်းက သုံးစွဲသူကို စိတ်ချမ်းမြေ့မှုပေးနိုင်တဲ့အပြင် တစ်မိနစ်ကို စာမျက်နှာ ၁၆ မျက်နှာနှုန်း ပရင့်ထုတ် ပေးနိုင်တာကလည်း လုပ်ငန်းသုံးအတွက် အဆင်ပြေစေပါတယ်။ အရွယ်အစား ကျစ်လျစ်မှုရှိတဲ့အတွက် ပရင် တာထားဖို့နေရာကို ခေါင်းစားဖို့ မလိုတော့ပါဘူး။    စာရွက်သွင်းတဲ့ Paper Tray ကလည်း အရွက် ၁၅ဝ အထိ ဆန့်ပါတယ်။ ပရင့်ကွာလတီက ၁၂ဝဝ x ၆ဝဝ dpi နှုန်းရှိပြီး မင်ချွေ တာမှု ၃ဝ ရာခိုင်နှုန်းရှိပါတယ်။ မင်ဘူးတစ်ခုကို စာမျက်နှာ ၇ဝဝ လောက် အထိ ပရင့်လုပ်ပေးနိုင်တဲ့ ဒီ Samsung Laser Printer. ML 1640 ကို ကျပ် ရှစ် သောင်းငါးထောင်နှုန်းနဲ့ ဆိပ်ကမ်းသာ လမ်းက Unique Computer Center မှာ ဝယ်ယူ ရရှိနိုင်ပါတယ်။