Main menu

Background

ပုံထွက်ကောင်းတဲ့ Panasonic ပလပ်စမာတီဗွီ

Tue, 03/30/2010 - 07:55 -- Anonymous (not verified)

    မော်ဒယ်က TH-P42 x 10  ဖြစ်ပါတယ်။ 42'' မြင်ကွင်းကျယ် Plasma တီဗွီပါ။ ကိုယ်ပိုင်အလင်းလွှတ်ပေးတဲ့ Self Luminent စနစ်ဖြစ်လို့ အရောင်အသွေး စိုပြေတောက်ပတဲ့ အပြင် တီဗွီကို ဘေးတိုက်ကြည့်ရင်လည်း ပုံရိပ် အချိုးအစားမကျခြင်း၊ ဝေဝါးခြင်းတို့ မရှိပါဘူး။ အလင်းအမှောင် ပြတ်သားမှုက Dynamic Contrast Ratio 2000000 : 1 ရှိပါတယ်။ အဆင့်မြင့် HD ဗီဒီယို တွေပြလို့ရအောင် HDMI Input ၃ ခုပါပါတယ်။ HD ဓာတ်ပုံတွေနဲ့ ဗီဒီယို တွေကို ကင်မရာကနေ တိုက်ရိုက်ချိတ်ဆက်ပြီး ကြည့်လို့ရပါတယ်။ တစ်လုံးကို ကျပ် ရှစ်သိန်း ဝန်းကျင်ဈေးနဲ့ Panasonic Show Room တွေမှာ ဝယ်လို့ရပါတယ်။