Main menu

Background

ပုံမှန်တင်ပို့နိုင်မယ့် နှမ်း

Wed, 02/03/2010 - 06:11 -- Anonymous (not verified)

    ဒီနှစ်နှမ်းအများဆုံးစိုက်တဲ့ ဒေသတွေမှာ မိုးခေါင်ခဲ့လို့မနှစ်က ထက်အထွက်နှုန်းအနည်းငယ် ထိခိုက်တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်တွေက နှမ်းအရောင်းအဝယ်အေးခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ကုန်စည်ဒိုင် အသီးသီးမှာ အရောင်းအဝယ်သွက်လာတယ် လို့သိရပါတယ်။ မူဆယ်ဈေး ကွက်မှာ နှမ်းဖြူတစ်တန်ကို ကန်ဒေါ် လာ ၁၄၅၃ (တရုတ်ယွမ် ၉၉ဝဝ) ဖြစ်ပြီး နှမ်းနက်မှာ ကန်ဒေါ်လာ ၁၄၆၈ (ယွမ် ၁ဝဝဝဝ) ရှိပြီး တစ်ဖက်နိုင်ငံကို တစ်ပတ်အတွင်း တန်ချိန် ၂၁၆၁ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ပုံမှန်လမ်း ကြောင်း နှမ်းတင်ပို့မှုဟာ ဖြေးဖြေးမှန်မှန်သွားနေတာကို တွေ့ရပြီး၊ နယ်စပ်တင်ပို့ မှုကတော့ အတော်လေးကျဆင်းနေပါတယ်။ ကုန် သည် အချို့ဟာ ယခုနှစ်မှာ အရင်းအနှီးများတဲ့ နှမ်းထက် အရင်းအနှီးနည်းတဲ့ ပြောင်းလိုင်းဘက်ကို ဝင်ရောက်ရောင်း ဝယ်လာကြ တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်စပ်တင်ပို့မှုကတော့ ယခင်နှစ်ကို ကျော်လွန်နိုင်မဲ့ အနေ အထားမရှိဘူးလို့ ထင်ပါတယ်။  ယခု နှစ်တွေမှာ တောင်သူတွေ ပိုမိုစိုက်ပိုျး လာတဲ့ နှမ်းဖြူတွေကို ပြည်တွင်းသွား ရေစာလုပ်ငန်းများသာမက ဆီကြိတ်သူတွေလည်း အသုံး ပြူလာကြတဲ့အတွက် နှမ်းလက်ကျန် များနိုင်မှာမဟုတ်ဘူးလို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်ဝယ်အားရှိမယ်ဆိုရင် တော့ ယခင်နှစ်ကလိုဘဲ တန်ချိန် ၁ ဒသမ ၅ သိန်းလောက် တင်ပို့နိုင်မယ်လို့လည်း ခန့်မှန်းကြပါတယ်။                                                                                                                                           နေပြည်တော်