Main menu

Background

ပုံမှန်အရောင်းအဝယ် ဖြစ်နေတဲ့ လားရှိုးပဲပုပ်ဈေးကွက်

Wed, 02/03/2010 - 06:16 -- Anonymous (not verified)

    ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းတွင် စိုက်ပိုျးထွက်ရှိတဲ့ မိုးနဲ့ဆောင်းပဲပုပ်မှာ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်က စိုက်ဧက ၉ဝဝဝဝ ခန့်စိုက်ပျိုးပြီး ပိဿာချိန် သိန်း ၂ဝ ခန့် ထွက်ရှိခဲ့ပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာတော့ ဧက ၉၂ဝဝဝ ခန့် စိုက်ပိုျးပြီး ပိဿာချိန် ၂၇ သိန်းကျော် ထွက်ရှိကာ ယခင်နှစ်ထက် ဧက ၂ဝဝဝ ခန့်ပိုမို စိုက်ပိုျး လာတာကို တွေ့ရပါတယ်။ ပဲပုပ်စေ့ထွက်ပေါ်ချိန် စက်တင်ဘာ လနဲ့ အောက်တိုဘာလများမှာ လားရှိုးကုန်စည်ဒိုင်ကို စတင်ဝင်ရောက်လာပြီး တစ်ပိဿာကို ၅၅ဝ ကျပ်နှုန်းဖြင့် ဈေးဖွင့် ခဲ့ကာ ယခု ဇန်နဝါရီ နောက်ဆုံးအပတ်မှာ တော့ တစ်ပိဿာ ၆၅ဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လားရှိုးကုန်စည်ဒိုင်ကို ကျောက်မဲ၊ သီပေါ၊ နောင်ခိုျ၊ နမ္မတူမြို့နယ်များမှ အများဆုံးဝင်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း ပိဿာချိန် ၁ ဒသမ ၄ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့သလို တစ်ဖက်နိုင်ငံကိုလည်း ၂၂၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဈေးကွက်ဟာလည်း ဝယ်လိုအား ကောင်း လျက်ရှိပြီး ၃ဝ ဒသမ ၇၅ ပိဿာတစ်အိတ်ကို ၁၆ဝ ယွမ် (မြန်မာငွေ ၂၄ဝဝဝ ကျပ်) ရှိပြီး ဈေးကွက်မှာလည်း ပုံမှန်အရောင်းအဝယ် ဖြစ်တယ်လို့ ကုန်သည်များထံမှ သိရှိရပါတယ်။                                                                                          ပပဝင်း