Main menu

Background

ပဲပုပ်

Tue, 02/09/2010 - 06:32 -- Anonymous (not verified)

နယ်စပ်မှ တင်ပို့မှု     ဇန်နဝါရီ ၂၇ ရက်နေ့မှ ဖေ ဖော်ဝါရီ ၂ ရက်နေ့အထိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ ပဲပုပ်စေ့ ၇ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်     မန်းဈေးကွက်သို့ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ မိုးညှင်း၊ မိုးမိတ်၊ မိုးကောင်း၊ လားရှိုး၊ နောင်ချို၊ ပခုက္ကူ၊ မုံရွာ၊ မြင်းမူ၊ ရွာသစ်ကြီး၊ မတ္တရာ ဒေသတို့မှ ပုံမှန် အဝင်ရှိနေပါတယ်။ မန်းဈေးကွက်မှာ ဇန်နဝါရီလ နောက်ဆုံး ပတ်က ပဲပုပ်ရှမ်း တစ်ပိ ဿာ ၇၅၀ ကျပ်၊ သုံးတင်းတစ်အိတ် ၃၉၉၀၀ ကျပ်နှင့် ပဲပုပ်ဗမာ ၇၇၀ ကျပ်၊ သုံးတင်းတစ်အိတ် ၄၁၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်မှာ တရုတ်ဝယ်လက် အဝယ်မလိုက်တာကြောင့် ပဲပုပ်ရှမ်း တစ်ပိ ဿာ ၇၀၄ ကျပ် သုံးတင်း တစ်အိတ် ၃၇၅၀၀ ကျပ်၊ ပဲပုပ်ဗမာ တစ်ပိဿာ ၇၃၂ ကျပ်၊ သုံးတင်းတစ် အိတ် ၃၉၀၀၀ ကျပ်ဖြင့် ပဲပုပ်ရှမ်း တစ် ပိဿာ ၄၆ ကျပ်ခန့်နဲ့ ပဲပုပ်ဗမာ တစ် ပိဿာ ၃၈ ကျပ်ခန့် ဈေးနိမ့်လာပြီး ရောင်းဝယ် နေတာတွေ့ရပါတယ်။ ဈေးကွက်မှာတော့ လှောင်လက်အချို့နဲ့ ဆီစက်သမားတို့ ပုံမှန်အဝယ်လိုက်ပြီး တရုတ်ဝယ်လက်အနေဖြင့် တရုတ်နှစ် သစ်ကူးနီးလာလို့ အဝယ်မလိုက် တာကြောင့် ပဲပုပ်ဈေးနိမ့်ပြီး အရောင်း အဝယ်အေးနေတယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                                                                                               တင်ဇာမျိုး