Main menu

Background

ပဲပုပ်

Thu, 02/18/2010 - 03:23 -- Anonymous (not verified)

တရုတ်ကိုတင်ပို့မှု     ယခုတစ်ပတ် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်နိုင်ငံ သု့ိ  ပဲပုပ်စေ့ ၁၈ တန် တင်ပို့ခဲ့တဲ့ အတွက် ယခင်တစ် ပတ်ထက် ၁၁ တန် ပိုမိုခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ ယခင် တစ်ပတ်ဈေးနှုန်းအတိုင်း တစ်တန်ကို မိမိဘက်ပေါက်ဈေး ၄၂၀၀၀၀ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ကန်ဒေါ်လာ ၄၄၃ ရှိတယ် လို့သိရပါတယ်။ပြည်တွင်းဈေးကွက်     မန္တလေးဈေးကွက်ကို ရှမ်းနဲ့ ဗမာ ပဲပုပ်များ ပုံမှန်ဝင်ရောက်လျက်ရှိသလို အရောင်းအဝယ်ပုံမှန်ရှိလို့ ယခင် တစ်ပတ်ထက် ဈေး အနည်းငယ်တက်လာပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်က မန္တလေးဈေးကွက်မှာ ပဲပုပ် ရှမ်း တစ် ပိဿာ ၇၁၄ ကျပ်၊ ဗမာတစ်ပိဿာ ၇၄၇ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။     လားရှိုးကုန်စည်ဒိုင်ကို ဇန်နဝါရီ လအတွင်း ပဲပုပ် ၈၃ တန် အဝင်ရှိပြီး၊ စီးထွက်မှုအနေနဲ့ ၂၄၄ တန်ရှိရာ တစ် ပိဿာ ၃၈၀-၃၉၀ ကျပ် ဈေးရှိခဲ့တယ် လို့ သိရပါတယ်။     ပဲပုပ်ကို ပဲခူးတိုင်း အနောက်မှာ ၂၀၀၉-၂၀၁၀ အတွက် ၃၇၆၆၄ ဧကစိုက်ပျိုးခဲ့ပြီး ယခု ဖေဖော်ဝါရီ ပထမပတ်တွင် စိုက်ဧကအား လုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါတယ်။ ယခုနှစ် အဖွင့်ဈေး မှာ ၂၀ ပိဿာဝင် တစ်တင်းကို ၁၂၈၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ ဖေဖော်ဝါရီ ပထမ ပတ်ထိ ၁၄၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုဖေဖော်ဝါရီ ပထမပတ်အတွင်း အိတ်ရေ ၆၀၀ကျော်ခန့် ရန်ကုန်သို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။