Main menu

Background

မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်နှင့်ဈေးနှုန်းအခြေအနေ

Thu, 08/01/2019 - 15:01 -- journal_editor

ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် ပဲမျိုးစုံဈေးကွက်နှင့်ဈေးနှုန်းအခြေအနေမှာ ပဲစင်းငုံသီးနှံမှာဈေးကွက်အတွင်း အဝယ်သာရှိပြီး ဝင်ရောက်မှု နည်းလာကာ ဈေးနှုန်းအနေဖြင့် တစ်တင်း ကျပ် ၃၀ဝဝဝ မှ ၃၂၀ဝ၀ ဝန်းကျင်အတွင်း ဈေးမငြိမ်ဘဲ တက်လိုက် ကျလိုက်ဖြစ်နေသည်။ ယခုတစ်ပတ် ပေါက်ဈေးနှုန်းမှာပဲစင်းငုံ (အဟောင်း)တစ်တင်း ကျပ် ၂၉၄၀ဝ၊ (အသစ်) ကျပ် ၃၂၀ဝ၀ နှုန်းရှိကြောင်း သိရသည်။ ပဲတီစိမ်းသီးနှံအခြေအနေမှာ ရန်ကုန်၊ မန္တလေးဝယ် လက်ရှိသော်လည်း ဝင်ရောက်မှုနည်းပြီး အရည်အသွေး ကောင်းသည့်ပဲတီစိမ်းကို အဝင်ရှိသလောက် ဝယ်လက်ရှိ ကြောင်းသိရသည်။ ယခုတစ်ပတ်ပေါက်ဈေးနှုန်းမှာ တစ်တင်း ကျပ် ၃၀ဝဝဝ မှ ၃၅၅၀ဝ ထိ ပေါက်လျက်ရှိကာ ယခင်တစ်ပတ် ထက်ဈေးမြင့်လာသည်။ ကုလားပဲသီးနှံမှာရန်ကုန်ဝယ်လက် နှင့် ဒေသတွင်း ပဲခွဲစက်၊ ကြာဆန်စက်သမားများ၊ လက်လီ သမားများဖြင့်နေ့စဉ် အိတ်၁၀ဝဝခန့် အရောင်းအဝယ်ဖြစ် နေကြောင်းသိရသည်။ ယခုတစ်ပတ် ပေါက်ဈေးနှုန်းမှာ ကုလားပဲဖြူလုံးကြီး V2၂တစ်တင်း ကျပ်၂၇၁၀ဝ၊ ထိုင်ဝမ်တစ်တင်း ကျပ်၂၇၅၀ဝ၊ ၉၂၉ တစ်တင်း ကျပ်၂၇၁၀ဝ ၊ ဠ၃ဠ၇ကျပ်၂၆၀ဝ၀ နှုန်းပေါက် ဈေးရှိသည်။ ဂျုံသီးနှံမှာ ဒေသတွင်းသုံးအနေဖြင့် နေ့စဉ် တင်း၂၀ဝခန့် အရောင်းအဝယ်ဖြစ်ကာ ယခုတစ်ပတ်ပေါက် ဈေးနှုန်းမှာတစ်တင်း ကျပ် ၁၇၀ဝ၀ မှ ၁၇၅၀ဝ၊ ထွက်တိုး တစ်တင်း ကျပ် ၁၅၂၀ဝ နှုန်းဖြစ်လျက်ရှိသည်။ မတ်ပဲသီးနှံမှာ ပြည်ပဝယ်လက်ပဲဖြစ်သော်လည်း အဝင်ရှိသလောက် ဒေသ တွင်း သုံးအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခု တစ်ပတ် ပေါက်ဈေးနှုန်း တစ်တင်း ကျပ်၂၃၅၀ဝ မှ ၂၆၀ဝ၀ ထိပေါက်လျက်ရှိပြီး ယခင်တစ်ပတ်ထက်ဈေးလျော့လာတာ
တွေ့ရသည်။ ပဲကြီးဈေးကွက်မှာလည်း ဒေသတွင်းသုံးအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခုတစ်ပတ်ပေါက်ဈေးနှုန်း မှာတစ်တင်း ကျပ်၃၄၀ဝဝ၊ နေ့စဉ်တင်း ၃၀ဝခန့်၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၂၀ဝဝဝ နှုန်းဖြင့် တင်း၁၀ဝခန့်၊ ပဲနီလုံးကျား တစ်တင်း ကျပ် ၁၉၅၀ဝ နှုန်းဖြင့် တင်း၁၀ဝခန့်၊ CP ပြောင်း တစ်တင်း ကျပ် ၈၃၀ဝ နှုန်းဖြင့် တင်း ၁၅၀ဝ ခန့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ကြည်ကြည်နွယ်
(ဇေယျာကုန်သွယ်မှုဗဟိုဌာန)