Main menu

Background

တင်ပို့မှုများစွာပိုပြီးဈေးကျဆင်းခဲ့သောမတ်ပဲ

Thu, 10/22/2020 - 15:53 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၆၁၅၆ ဒသမ ၇၂၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၁၂၂၆၉ ဒသမ ၁၇ ဖြစ်ပါသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၄ နိုင်ငံရှိပြီး ယူနိုက်တက်ကင်းဒမ်း၊ နီပေါ၊ ဘယ်လ်ဂျီယံ၊ စင်္ကာပူ၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ပါကစ္စတန်နှင့် မလေးရှား နိုင်ငံတို့ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အာရပ်စော်ဘွားများပြည်ထောင်စုဖြစ်၍ တန်ချိန် ၁၂၄၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃၆၆၅၀ ဖြစ်ပြီး အနည်းဆုံးတင်ပို့ခဲ့သော နိုင်ငံမှာ ဘယ်လ်ဂျီယံနိုင်ငံဖြစ်၍ တန်ချိန် ၁၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၀၀၀ ဖြစ်သည်။
ယခင်အပတ်တင်ပို့မှုမှာ တန်ချိန် ၂၀၇၇ ဒသမ ၅၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၁၅၅၉၈ ဒသမ ၅၂ ဖြစ်ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄၀၇၉ ဒသမ ၁၆၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၉၆၆၇၀ ဒသမ ၆၅ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
    မတ်ပဲတစ်တန်ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၈၇၄ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၈၄၇ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၇ ကျဆင်းခဲ့ကြောင်းသိရသည်။

                                    စန်းစန်းမော်