Main menu

Background

ပင်လယ်ရေကြောင်းမတ်ပဲတင်ပို့မှု

Thu, 12/03/2020 - 13:52 -- journal_editor

     နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၇၈၂၃ ဒသမ ၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၇၆၀၇၀၈ ဒသမ ၉၁ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၁ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှား၊ နီပေါ၊ ကနေဒါ၊ ပါကစ္စတန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ဗီယက်နမ်တို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၁၁၉၃၆ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅၀၄၈၇၆ ဒသမ ၆ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်၍ တန်ချိန်၅၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၅၀ဝ ဖြစ်ကြောင်းသိရသည်။
    ယခင်အပတ်တင်ပို့မှုမှာ  တန်ချိန် ၁၃၇၀၈ ဒသမ ၁၉၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၇၈၉၃၂၇ ဒသမ ၄၃  ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါကတန်ချိန် ၄၁၁၅ ဒသမ ၆၉၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၇၁၃၈၁ ဒသမ ၄၈ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
    မတ်ပဲတစ်တန် ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၉၃၃ ဖြစ်ပြီး၊ ယခုအပတ်တွင်အမေရိကန်ဒေါ်လာ ၈၈၄ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၉ ကျဆင်းခဲ့ကြောင်း သိရသည်။

    စန်းစန်းမော်
    (မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)