မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းနှင့်နယ်စပ်မှ တင်ပို့နေပြီး နိုင်ငံပေါင်း ၆၀ ခန့်ကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုတွင်နိုင်ငံပေါင်း ၆၀ ခန့်ကို တင်ပို့လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ စသည်နိုင်ငံများစွာအပြင်မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ။ မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း။ မတ်ပဲ ၊ ပဲစင်းငုံ ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ် မူတည်၍ ပဲစင်းငုံသီးနှံကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီ၌လည်းကောင်း၊ ပဲတီစိမ်းသီးနှံအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မတ်ပဲသီးနှံကို ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ် လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင် စိုက်ပျိုးနိုင်သည့် သီးနှံများဖြစ်သည်။ အိန္ဒိယအစိုးရက မတ်ပဲ ထပ်မံတင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာပြီးနောက် မတ်ပဲစျေးများ မြင့်တက်လာပြီး ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ယခုနှစ် အိန္ဒိယနိုင်ငံ၏မတ်ပဲအထွက်နှုန်းကိုများများထွက်ရှိတင်ပို့ရန် လျာထား ခဲ့သော်လည်း မိုးများပြီး သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးယင်းအခြေအနေကြောင့် အိန္ဒိယ အစိုးရက ပဲတင်သွင်းခွင့်မူဝါဒ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ပြီး ပဲတင်သွင်းမှုကြောင့် အိန္ဒိယပြည်တွင်း ပဲစျေးနှုန်း ကျဆင်းလာနိုင်သော်လည်း အိန္ဒိယပဲထွက်နှုန်းကျဆင်းခဲ့သဖြင့် လာမည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ ပြည်ပမှပဲမျိုးစုံဝယ်ယူမှုများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ကုန်သည်များက မျှော်မှန်းထားသည်။ အိန္ဒိယအစိုးရက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အတွက် ပဲစင်းငုံ တန်ချိန် လေးသိန်း၊ ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲအပါအဝင် ပဲလုံးဝါ၊ စားတော်ပဲနှင့် အခြားပဲများ ထပ်မံတင်သွင်း ခွင့်ပြုမည်ဖြစ် ကြောင်းအသိပေးကြညာခဲ့သည်။ လက်ရှိအချိန်အထိ အဆိုပါပဲပမာဏ ပြည့်မီအောင် တင်သွင်း နိုင်ခြင်းမရှိသေးဘဲ မတ်ပဲတန်ချိန် တစ်သိန်းခွဲ ထပ်မံတင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ရာတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယစျေးကွက်သို့ တိုးတက် တင်ပိုနိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရက ပဲမျိုးစုံအား ကန့်သတ်တင်သွင်းကုန်စည်အဖြစ်သတ်မှတ်၍ ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း၌ မြန်မာနိုင်ငံဘက်က အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံးက အိန္ဒိယပဲစျေးကွက်သို့ ဝင်ရောက်နိုင်မှု ခိုင်မာအားကောင်းစေရေးအတွက် ပိုမိုတွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
ငြိမ်းဝေနှင်း (စားသုံးသူ)