Main menu

Background

ပြည်ကုန်စည်ဒိုင်မှ ပဲမျိုးစုံဈေးနှုန်းနှိုင်းယှဥ်ချက်

Wed, 03/01/2023 - 14:17 -- journal_editor

ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၆၁၀ဝ၀-၆၁၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အရောင်းအဝယ်ရှိခဲ့သည်။ တတိယပတ်တွင်  မတ်ပဲတစ်တင်းကို ကျပ် ၆၂၀ဝ၀ ဖြင့် တစ်ရက်ကို အိတ်  ၄၀ဝ- ၅၀ဝ ခန့် လှောင်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။  ပြည်ကုန်စည်ဒိုင်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၅၀ဝ၀ ဖြင့် တစ်ရက်ကို ရန်ကုန်အဝယ် အိတ် ၄၀ဝ-၅၀ဝ ခန့် ရှိခဲ့သည်။ ဖေဖော်ဝါရီလ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၆၆၀ဝ၀ ဖြင့် လှောင်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၅၀ဝ-၆၀ဝ ခန့် အဝယ်ရှိသည်။ ဖေဖော်ဝါရီလ တတိယပတ်တွင် ပဲစင်းငုံတစ် တင်းကို ကျပ် ၁၀ဝ၀ ခန့် ဈေးတက်ခဲ့သည်။
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၅၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၆၂၅၀ဝ-၆၃၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့် ခွဲစက်သမားနှင့်ရန်ကုန်အဝယ်ရှိခဲ့သည်။  တတိယပတ်တွင်ကုလားပဲ (HL) တစ်တင်းကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ ကုလားပဲ(မြကြေးမှုံ)တစ်တင်း ကို ကျပ် ၆၆၀ဝ၀-၆၆၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ-၅၀ဝ ခန့် ခွဲစက်သမားနှင့် ရန်ကုန် အဝယ်ရှိခဲ့သည်။
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၈၃၀ဝ၀- ၈၅၀ဝ၀ ဖြင့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့သည်။ ဖေဖော်ဝါရီလ တတိယ ပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ကျပ် ၈၀ဝ၀ဝ-၈၁၀ဝ၀ ဖြင့် ပဲကြီးဈေးကျလာ ခဲ့သည်။ ပဲကြီး (ရွှေကျွန်း)အဝယ် တစ်ရက်ကို အိတ် ၃၀ဝ/၄၀ဝ ခန့် မြို့တွင်းအဝယ် ရှိခဲ့သည်။
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို ကျပ် ၄၈၀ဝ၀-၄၈၅၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့် အဝယ်ရှိခဲ့သည်။ တတိယ ပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် ဈေးကျလာခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၁၀ဝ-၁၅၀ ခန့်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန်ရှိသောပဲဈေးမှာ အနည်းငယ်တက်လျက် ရှိပြီး မြို့တွင်းအဝယ်ရှိသော ကုလားပဲဈေးမှာလည်း မြင့်လာခဲ့ကြောင်း သိရှိရသည်။

မိမိအေး (ပြည်)