Main menu

Background

ပြည်မြေပဲဆန်ဝယ်လိုအားများလာ၍ ဈေးဆက်လက်မြင့်တက်လာ

Wed, 03/01/2023 - 14:21 -- journal_editor

ပြည်ခရိုင် ပြည်မြို့ဈေးကွက်တွင် ဖေဖော်ဝါရီနောက်ဆုံး ပတ်တွင် မြေပဲဆန်ဝယ်လိုအား များလာသဖြင့် လုံးဆန်ဈေး အနည်းငယ် မြင့်တက်လာခဲ့သည်။ မကွေးတိုင်းဒေသကြီး ကံမမြို့နှင့် ပြည် ခရိုင် ရွှေတောင်မြို့ဘက်မှ ပြည်ဈေးကွက်သို့ ရက်ခြား အဝင်ရှိပြီး ဝင်ရောက်သည့်ရက်တွင် မြေပဲဆန်အိတ် ၁၀ဝ၀ ခန့် ဝင်ရောက်မှုရှိသည်။ ယခုနှစ် မြေပဲထွက်ချိန်တွင် ရာသီဥတု မကောင်းသဖြင့် အထွက်နှုန်းများနည်းပြီး အညာဒေသဘက်မှလည်း ဝယ်လို အား များလာသဖြင့် မြေပဲဆန်ဈေးမှာ ယခင်နှစ်ထက်စာလျှင် ဈေးမြင့်တက်လာခဲ့သည်။ 
မြေပဲဆန်ဈေးနှုန်းမှာ ဆီကြိတ် မြေပဲဆန်(အဖြူ)တစ် ပိဿာလျှင် ကျပ် ၅၆၀ဝ၊ ဆီကြိတ်မြေပဲဆန် (အနီ)တစ်ပိဿာ လျှင် ကျပ် ၆၆၀ဝ ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေသော် လည်း၊ ယခင်နှစ်တွင် မြေပဲဆီဆန် (အဖြူ)  တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ နှင့် (အနီ)တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ ဖြစ်ခဲ့၍ ယခုနှစ်အတွက် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ မှ ၃၄၀ဝ ထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။  မြေပဲဆန်လုံးဆန်ဈေးမှာ လုံးဆန်(အဖြူ)တစ်ပိဿာ လျှင် ကျပ် ၆၄၀ဝ၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၇၂၀ဝ ဖြင့် ယခင်တစ်ပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ-၂၀ဝ ခန့် ဈေးအနည်းငယ်  မြင့်တက်လာခဲ့သည်။ ယခင်နှစ်တွင် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်ပိဿာ လျှင် ကျပ် ၂၇၀ဝ မှ ၃၆၀ဝ ခန့် ဈေးနှုန်းများ မြင့်တက်လာခဲ့ သည်။ 
ထို့အတူ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေသော်လည်း ယခင်နှစ်က မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၆၈၀ဝ-၇၀ဝ၀ ဖြစ်သည့်အတွက် တစ်ပိဿာလျှင် ထက်ဝက်ခန့် မြင့်တက်လာ ခဲ့သည်။                                                

 ဝေဝေမင်း (ပြည်)